မြင်းခြံ ဆေးရုံသားဖွားမီးယပ်ဆောင် ဘေးမှာချက်ကြိုးတန်းလန်းတဲ့ကလေးငယ်တစ်ဦးကို စွန့််ပစ်ထား
ရန်ကုန်၊ မေလ ၃။ မြင်းခြံမြို့ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်ဘေးရှိ တမာပင်အောက် သစ်သားခုံတန်းပေါ်မှာ မွေးကင်းစ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ထားတာကို ဒီကနေ့မနက် ကိုးနာရီက တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
“ ကလေးကိုခုံတန်းပေါ်မှာ ကြွပ်ကြွပ်အိတ်အမဲရောင် အိတ်ထဲထည့်ပြီး စွန့်ပစ်ထားတာဖြစ်တယ်။ ဆရာဝန်က စစ်ဆေးကြည့်တဲ့အခါမှာကလေးကိုမွေးပြီးတာ နာရီပိုင်းပဲရှိသေးတယ်။ ကလေးက ကျန်းမာရေးလည်း ကောင်းမွန်တယ်။ ခြေလက်အင်္ဂါလည်းပြည့်ဆုံတယ်။ ကလေးက ယောက်ျားလေးလည်းဖြစ်ပါတယ် ”လို့ မြင်းခြံမြို့အမှတ် (၁)ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြင်းခြံမြို့ပြည်သူ့ဆေးရုံမှာရှိတဲ့လူနာစောင့်နေတွေကကလေးငိုသံကြားလို့သွားရောက်ကြည့်ရှု့တဲ့အချိန်မှာ ခွေးက ကလေးကို ခုံတန်းပေါ်ကနေဆွဲချပြီးအောက်ပြုတ်ကျနေတာကိုတွေ့ရတဲ့အတွက် တာဝန်ကျ ဆရာဝန်ကို အသိပေးအကြောင်းကြားခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီစွန့်ပစ်ခံထားရတဲ့ကလေးကို မြင်းခြံပြည်သူ့ဆေးရုံက ဆရာဝန်တွေ၊ လူမှုဝန်ထမ်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မန္တလေးမြို့ရှိ ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုပေးသွားမယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မြင်းခြံမြို့ပြည်သူ့ဆေးရုံ ကလေးအထူးကြပ်မတ်ဆောင်မှာထားရှိပြီး လိုအပ်တဲ့ ဆောင်ရွက်မှုများလုပ်ဆောင်ပေးထားတယ်လို့လည်းသိရပါတယ်။
Author နှင်းနှင်း
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment