Latest News

Wednesday, May 10, 2017

တောင်ကိုရီးယားသမ္မတသစ်အဖြစ် မွန်းဂျေအင်း ကျမ်းသစ္စာကျိန်ဆို

တောင်ကိုရီးယားသမ္မတသစ်အဖြစ် မွန်းဂျေအင်း ကျမ်းသစ္စာကျိန်ဆို

ဆိုးလ် မေ ၁ဝ

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ မွန်းဂျေအင်း သည် သမ္မတရာထူး၌ စတင် တာဝန်ထမ်းဆောင်ရန် မေ ၁ဝ ရက်က ကျမ်းသစ္စာကျိန်ဆိုကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယားသမ္မတသစ်အဖြစ် စတင်တာဝန် ထမ်းရွက်သူ မွန်းသည် လတ်တလောဖြစ်ပေါ်နေသော မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ပြုပြောကြားသည်။ နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များကို အကောင်အထည်ဖော်နေသည့် မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နှင့်တရုတ်နိုင်ငံတို့နှင့် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ဒေသတွင်း၌ တည်ငြိမ်မှု ပြန်လည်ရရှိရေးကိစ္စကို ဦးစားပေးဆောင်ရွက်မည်ဟုဆိုသည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ လျော့ပါးပျက်ပြယ်စေရေးအတွက် မိမိအစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား၌ ဖြန့်ကြက် လျက်ရှိသော အမေရိကန်၏ ဒုံးလက်နက် ကာကွယ်ရေးစနစ်နှင့်ပတ်သက် ၍ တရုတ်နိုင်ငံနှင့် ဖြစ်ပေါ်နေသော အငြင်းပွားမှုများကို အဆုံးသတ်စေရန် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း မွန်းက သမ္မတအဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာတွင် ဖော်ပြသည်။

သမ္မတမွန်းသည် ထူးထူးခြားခြားခန့်အပ်မှုများအဖြစ် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမြှင့်တင်ရန် လိုလားသော မူဝါဒနှင့်ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ခဲ့သူများကို ဝန်ကြီးချုပ်ရာထူးတွင်လည်းကောင်း၊ ထောက်လှမ်းရေးဌာနအကြီးအကဲရာထူးတွင် လည်းကောင်း ခန့်အပ်ရန် ရွေးချယ်ခဲ့သည်။

ပြန်/ဆက်

No comments:

Post a Comment