ပိုက်ဆံပေးမှသာ နိုင်ငံသားစီစစ်ရေးကဒ်ပြား (မှတ်ပုံတင် )ကိုလုပ်ရတာ လယ်ကူလျှင်မြန်ကြောင်း ဟင်္သာမဲဆန္ဒနယ်ကလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုကိုဦးကမေလ(၂၄)ရက်နေ့ ကပြုလုပ်သောတိုင်းဒေသကြီးလွတ်တော်တွင် ပြောသည်။
နိုင်ငံသားစီစစ်ရေး ပျောက်ဆုံးလဲလှယ် မှုနှင့် အသစ်သွားရောက်လုပ်ကိုင်သည့် အခါ မှတ်တမ်းများပြန်ရှာရန် အကြောင်းပြ သော်လည်း လဖက်ရည်ဖိုး ငွေကျပ်(၄၀၀၀) (၅၀၀၀)ပေး ရင်တော့ လွယ်လွယ်ကူကူလုပ်ပေးတယ်လို့ ၎င်းကပြောပါတယ်။
ငွေပေးနိုင်သူ ချက်ချင်းဆောင်ရွက်ပေးပြီး ငွေမပေးနိုင်သူ ပြည်သူများကို ချေငံစွာမဆက်ဆံပဲ နှောင့်နှေး
ကြန့် ကြာမှုတွေရှိနေကြောင်း လည်း ၄င်းကပြောပါတယ်။
"ကျွန်တော် သာပေါင်း လ၀ ကရုံးမှာ မှတ်ပုံတင်ပျောက်လို့ သွားလုပ်တော့ အဆင်မပြေဘူး မရနိုင်ဘူး ပြောတယ်။ ဒါပေမဲ့  မောင်လေးတတ်နိုင်သလောက်အလှူငွေထည့် ရင်တော့ မြန်မယ်ဆိုလို့  ငါးထောင်ပေးရတယ်။ အဲတော့ လုပ်ပေးတာ ချက်ချင်းပဲ" လို့  သာပေါင်းမြို့ နယ်က ဒေသခံ ကို အံ့မင်းအောင်ကပြောပါတယ်။
ယင်းကဲ့ သို့ ပင် မှတ်ပုံတင်လုပ်ရမှာ အခက်အခဲများစွာရှိကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီးကဒေသခံများကပြောပါတယ်.။
လ ၀ က ရုံးများရဲ့ ဝန်ထမ်းတစ်ချို့ ရဲ့ အမူအကျင့်တွေဟာ နှစ်ပေါင်းများစွာကြာလာတာနဲ့ အမျှ ပိုဆိုးနေတဲ့ အနေအထားတွေတွေ့ ရှိရပါတယ် လို့ လည်း လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးကပြောပါတယ်.။
သည်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အစိုးရလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်က “အခါအားလျော်စွာ မှတ်ပုံတင်များကိုလွယ်ကူလျှင်မြန်စွာ ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့ ပြောသော်လည်း လဖက်ရည်ဖိုးတောင်းမှ လျင်မြန်စွာလုပ်ပေးတဲ့ အခြေနေကိုတော့ သဘောထားမှတ်ချက်တ စ်စုံတစ်ရာ ပြန်လည်ပြောဆိုတာမရှိပါဘူး”
အစိုးရ၀န်ထမ်းတွေ ပြည်သူတွေဆီက ငွေကြေးတစ်စုံတစ်ရာတောင်းခံရင် ထိထိရောက်ရောက် အရေးယူမယ်လို့  အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားထားပါတယ်.။
မျိုးမင်းပိုင်
Wednesday, May 24, 2017
ပိုက်ဆံပေးမှ မှတ်ပုံတင်လုပ်ရတာ လွယ်ကူလျှင်မြန်တယ်လို့  လွှတ်တော် အမတ်ပြော
ပိုက်ဆံပေးမှ မှတ်ပုံတင်လုပ်ရတာ လွယ်ကူလျှင်မြန်တယ်လို့  လွှတ်တော် အမတ်ပြော
Reviewed by timeayeyar
on
4:38 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment