ရေကြည်ဦးဘုရားကိုချစ်သူစုံတွဲတွေ သွားရောက်လည်ပတ်ဖူးမြော်ရုံနဲ့ ကွဲတတ်ကြတယ်ဆိုတာ ကောလဟာလတွေပါ
ပုသိမ်မြို့ ရဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်တဲ့ ရေကြည်ဦးဘုရားကို ချစ်သူစုံတွဲတွေ သွားရောက်လည်ပတ်ရင် ကွဲတတ်ကြတယ်ဆိုတာဟာ ကောလ ဟာလ ယုံတမ်းစကားတွေသာဖြစ်တယ်လို့  ဘုရားဂေါပက အဖွဲ့ ကနိဗ္ဗန်ဆော် ဦးတင်စိုးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကွဲတယ် ဆိုတာက ကိုယ့် စိတ်ကဖြစ်တာပါ မြတ်စွာဘုရားက ပြောခဲ့ တာရှိတယ် မိမိရဲ့ စိတ်ဟာ မကောင်းမှုဘက်ကို အာသန်တာ များတယ် ကောင်းတဲ့ စိတ်ကိုဖြစ်ပေါ်တာ နည်းတယ် အဲ့ တာကြောင့် ချစ်သူစုံတွဲတွေ စုံတဲ့ အခါ ကိုယ်နှမလေးလို ကိုယ်ချစ်သူလေးလို့ တစ်ယုတစ်ယ နေမယ်ဆိုရင် သက်ဆုံးတိုင်ပေါင်းရမှာပေါ့ ဒီလိုမှမဟုတ်ဘူး အမြင်တွေစောင်းနေမယ် အဖုအထစ်တွေရှိမယ် ဆို ဒိမှာမကောင်းတဲ စိတ်တွေ ရှိခဲ့ မယ်ဆို ရင်တော့ အဆင်မပြေမှုတွေရှိမှာပဲ ဒါပေမဲ့ ဒီဘုရားလာလို့ ကွဲတယ်ဆိုတာတော့ သမိုင်းမှာမရှိပါဘူးလို့  ၄င်းကပြောပါတယ်။
ပုသိမ် ရေကြည်ဦးဘုရားကို အတွဲတွေမသွားနဲ့  သွားရင် ကွဲတတ်တယ်ဆိုတဲ့  ပြောစကားဟာ ဒေသခံတွေနဲ့  ချစ်သူစုံတွေကြား ယုံမှားသံသယအဖြစ်တည်ရှိနေတာဟာ နှစ်ကာ လအတော်ကြာနေပြီဖြစ်ပါတယ်.။
အလောင်းစည်သူမင်းကြီးတည်ထားကိုယ်းကွယ်ခဲ့ တဲ့ ရေကြည်ဦးဘုရားဟာ နာမည်ကြီးခဲ့ သလို ရေကြည်ရေနောက်ကန်ဟာ လည်းနာမည်ကြိးပါတယ်.။
ရေနောက်ကန်ဟာ ၀ီဟာရဒေ၀ီမင်းသမီးက ကြိမ်စာတိုက် ပြီးတည်ဆောက်ခဲ့ တာဖြစ်တဲ့ အတွက်ကြောင့် အဲ့ ဒီရေကန်က ရေကို သောက်သုံးမိလို့  အန္တရာယ်တွေဖြစ်စေတာလည်းရှိတယ်လို့ သမိုင်းအထောက်အထားတွေမှာရှိပါတယ်.။
ရေနောက်ကန်က ဘေးဥပါဒ်တွေကို ကယ်တင်ဖို့ ဆိုပြီးရည်ရွယ်ချက်နဲ့  ၀ိဟာရဒေ၀ီမင်းသမီးရဲ့အကိုတော်ယမဒေ၀ မင်းသားတူးထားတဲ့ ရေကြည်ကန်ဟာတော့ ကြည်လင်နေပြီး အဲ့ သည်ရေကို ဆေးအဖြစ်ယုံကြည်သူတွေက သည်နေ့ အထိ အသုံးပြုတတ်ကြပါတယ်။
သို့ သော်လည်း ရေကြည်ဦးဘုရားကို သွားရောက်နဲ့ တော့ ချစ်သူစုံတွဲတွေ ကွဲကြတယ်ဆိုတာတော့ လုံးဝလုံးဝမဟုတ်ကြောင်း အယူအဆအလွဲအမှားတွေသာဖြစ်တယ်လို့  ဂေါပကအဖွဲ့ က သမိုင်းအထောက်အထားနဲ့  ခိုင်ခိုင်မာမာပြောဆိုခဲ့ ပါတယ်။
ဒါ့ကြောင့်မို့ လို့  ချစ်သူစုံတွဲတွေ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ကောင်းမွန်တဲ့ စိတ် ဖြူစင်တဲ့ စိတ်အတွေးများနဲ့  ရေကြည်ဦးဘုရားမှာပန်းဆီးမီး ရေချမ်း ကပ်လှူပူဇော်ရင်းရိုးမြေကျ ပေါင်းဖက်ရသူတွေဖြစ်ပါစေလို့  လည်း တိုင်းဧရာအဖွဲ့ သားများက ဆုတောင်းပေးလိုက်ရပါတယ်။
ဓါတ်ပုံ ဦးတိုးကြီး +ကိုမိုးကျော်
Myo Min Paing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment