ကားဈေးကွက်တွင် စလစ်ဈေးကျပြီး အရောင်းအ၀ယ်အေးနေ
မေလပထမပတ်အတွင်း ပြည်တွင်းကား ဈေးကွက်တွင် စလစ်ဈေးကျနေပြီး ဈေးကွက်အ တွင်း အရောင်းအ၀ယ်အေးနေ ကြောင်း ကားအရောင်းအ၀ယ်ပြု လုပ်သူများက ပြောသည်။
အထူးကုန်စည်ခွန်နှုန်းထား ကောက်ခံခြင်း၊ စလစ်ကပ်ကား များ ၀င်ငွေခွန်ကောက်ခံနေခြင်း ဂယက်ကြောင့် ပြည်တွင်းကား ဈေးကွက်တွင် စောင့်ကြည့်အနေ အထားဖြင့် အရောင်းအ၀ယ်ပြု လုပ်နေခြင်း ဖြစ်သည်။
ဧပြီ နောက်ဆုံးပတ်အထိ အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၂၀ ဈေးရှိရာမှာ ပြန်ကျလာကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးကျော်မြင့်က ပြောသည်။
အပ်ကုန်စနစ် (Consign-ment) ဖြင့် တင်သွင်းသည့် ၂၀၀၅ မော်ဒယ်နှင့်အောက်ကားများကို ကျပ်သိန်း ၆၀၊ ကျပ်သိန်း ၃၀ နှစ်မျိုးခွဲခြားပြီး နှစ်သက်ရာနယ်လိုင်စင်နှင့် စလစ်အစားထိုးပေးမည်ဆိုသော ဂယက်ကြောင့်လည်း အရောင်းအ၀ယ် အေးနေခြင်းဖြစ်သည်ဟု သိရသည်။
အစီးရေထောင်နှင့်ချီသော Consignment ကားများကို နယ် လိုင်စင်ပြုလုပ်ပေးမည်ဖြစ်၍ ကားဈေးနှုန်း ပြန်လည်ကျဆင်းလာနိုင်ကြောင်း မျှော်လင့်နေကြသည်။
လက်ရှိ ပြည်တွင်းကားဈေး ကွက်တွင် နယ်ဝယ်လက်များကို သာ အားကိုးနေရပြီး ကာလရှည် ပိတ်ထားသော ရန်ကုန်လိုင်စင် ကားဈေးကွက်မှာ ဈေးမြင့်နေ သည်။
ထို့အပြင် ၂၀၁၇ ၌ စတင် လိုက်သည့် မူဝါဒသစ်တွင် ဘယ် မောင်းများကိုသာ အဓိကထား တင်သွင်းရမည့်စနစ်ကြောင့် ကား တင်သွင်းသူပမာဏလျော့ကျ လာခြင်း ဖြစ်သည်။
လက်ရှိတွင် ဇုန်ထုတ်ကား စလစ်တစ်စောင်လျှင် အမည် ပေါက် ကျပ် ၁၀၂ သိန်းအထိ ဈေးတက်နေသော်လည်း ပြည်ပ မှ ကားတင်သွင်းသူ နည်းပါးနေ သဖြင့် စလစ်အမျိုးအစား အားလုံး အရောင်းအ၀ယ်နည်းပါးနေ သည်။
ကားဈေးကွက်သည် သင်္ကြန်ကာလအပြီး အရောင်းအ၀ယ် ပြန်လည်ကောင်းလာမည်ဟု မျှော်လင့်ထားသော်လည်း ထင်သလောက် အရောင်းအ၀ယ် မဖြစ်ခဲ့ပေ။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment