နောက်ကြောင်းပြန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော လုပ်ငန်းလုပ်ဟန်သည် လက်ဝဲဆန်သော လက္ခဏာဖြစ်၊ တိုင်းပြည် မနစ်နာစေလို၍ ထိပ်တိုက် ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး အသုံးမပြုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
နောက်ကြောင်းပြန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော လုပ်နည်းလုပ်ဟန်များ ပေါ်ပေါက်လာနေပြီး ယင်းသည် လက်ဝဲဆန်သော လက္ခဏာဖြစ်ကြောင်း သတိပြုရန် နှင့် တိုင်းပြည် မနစ်နာစေလို၍ ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး အသုံးမပြုကြောင်း နားလည်ရန်လိုသည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဗဟိုအလုပ် အမှုဆောင် ကော်မတီအစည်း အဝေး တွင်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မေလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ဓလေ့တွင် ခေါင်းဆောင် တစ်ဦး တည်းကို အားပြုသော အလေ့အထ လွန်ကဲနေပြီး ခေါင်းဆောင် ဆိုသည်မှာလည်း သာမန်လူသာဖြစ်၍ အမှားမကင်းနိုင်သကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိမှုကိုသာ အာမခံနိုင်ရန်လိုကြောင်း ခေါင်းဆောင်လုပ်သူည် အမှားမြင်က ရဲရဲတောက်ပြင်ရန် လိုသကဲ့သို့ နိုင်ငံနှင့် လူမျိုးအတွက် အမှားကို ပြင်ဆင်တတ်သော စိတ်ဓာတ်ရှိရန် လိုကြောင်း၊ သို့ဖြစ်၍ ပါတီ၏မူဝါဒအား ကောင်းမှန်ကန်ရန်နှင့် ပါတီတွင်း ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရန်လိုကြောင်းလည်း ဦးသန်းဌေးကပြောသည်။
နိုင်ငံရှိလျှင် ပိုင်နက်နယ်မြေ (အချုပ်အခြာအာဏာ) နှင့် နိုင်ငံသား(လူမျိုး) ရှိမည်ဖြစ်ပြီး ယင်းနိုင်ငံသားတိုင်းတွင် လည်း ယုံကြည်ကိုးကွယ်မှု ရှိမည်ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးကိုချစ်လျှင် နိုင်ငံပိုင်နက် နယ်မြေ တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာ ကြီးပွားတိုးတက်ရေးကို ဦးထိပ်ထားရမည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ မိမိတို့ကာလ မျိုးစေ့ချခဲ့သည့် ငြိမ်းချမ်းရေး လမ်းစဉ်သည် မူလလမ်းကြောင်းနှင့် ကွဲလွဲမှုများစွာ ပေါ်ပေါက်နေသည့်တိုင် အောင်မြင်မှု ရသည်အထိ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ရန်၊ ပိုက်နက်နယ်မြေ တည်တံ့ရေးနှင့် အမျိုးသား အကျိုးစီးပွားထွန်းကားရေး ဆောင် ရွက်နေသော အင်အားစု အားလုံးတို့ကို အားပေးထောက်ခံ ၀န်းရံကြရန် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
Thursday, May 4, 2017
နောက်ကြောင်းပြန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော လုပ်ငန်းလုပ်ဟန်သည် လက်ဝဲဆန်သော လက္ခဏာဖြစ်၊ တိုင်းပြည် မနစ်နာစေလို၍ ထိပ်တိုက် ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး အသုံးမပြုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌြေေပြောကြား
နောက်ကြောင်းပြန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော လုပ်ငန်းလုပ်ဟန်သည် လက်ဝဲဆန်သော လက္ခဏာဖြစ်၊ တိုင်းပြည် မနစ်နာစေလို၍ ထိပ်တိုက် ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး အသုံးမပြုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌြေေပြောကြား
Reviewed by Ar Ti
on
10:03 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment