ဆားမလောက်ရွာမှ အရက်ချက်စက်ရုံပြောင်းရွှေ့ပေးဖို့ ဒေသခံတွေ လိုလားနေ
ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်၊ဆားမလောက်ကျေးရွာမှာ လည်ပတ်လုပ်ကိုင်နေတဲ့ ကျားမင်းကြီးအရက်ချက်စက်ရုံကို ရွာထဲကနေ တစ်ခြားနေရာကို ရွှေ့ပြောင်းလုပ်ကိုင်ပေးဖို့ ဒေသခံတွေက လိုလားနေတယ်လို့ သိရပါတယ်။
အရက်ချက်စက်ရုံလည်ပတ်မှုကြောင့် လေထုထဲမှာ အမှုန်အမွှားတွေလွင့်လာပြီး ပတ်ဝန်းကျန်ကလူတွေ ကျန်းမာရေးထိခိုက်တာ၊ ရေညစ်ညမ်းမှုတွေကြောင့် ငါးဖမ်းဆီးလို့မရတော့တာတွေ ဖြစ်ပွားနေတဲ့အတွက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စက်ရုံကိုလည်ပတ်ခွင့်ပိတ်ပင်ထားတာဖြစ်ပြီး ဒေသခံတွေကတော့ ကျေးရွာကနေ အပြီးပြောင်းပေးဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။အဆိုပါစက်ရုံဟာ ဒေသခံ(၄၅၀)ကျော် လတ်မှတ်ထိုးတိုင်ကြားမှုကြောင့်(၈)လကြာ ပိတ်ထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ ပြန်လည်ပြုပြင်ပြီးတာကြောင့် စက်ရုံပြန်ဖွင့်ဖို့အတွက် အရည်အသွေးမှီမမှီ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးနဲ့ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနတို့က ဧပြီလ(၂၈)ရက်နေ့မှာ စက်ရုံဝန်းထဲသွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ညောင်တုန်းမြို့နယ်ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြည်သူ့အသံဟာ လွှတ်တော်အသံဖြစ်ပြီး ပြည်သူက လက်ခံမှုမရှိဘူးဆိုရင် လွှတ်တော်မှာ တင်ပြရမယ့်တာဝန်ရှိပြီး ဒေသခံပြည်သူလူထုရဲ့ဆန္ဒဟာ ပြည်သူအသံပဲဖြစ်တယ်လို့ ပြောပါတယ်။
ကျားမင်ကြီး အရက်ချက်စက်ရုံဟာ တစ်ရက်ကို အရက်ဆီဂါလံ (၁၈၀၀၀)ထွက်ပြီး စွန့်ပစ်တဲ့ ရေဆိုးဟာတစ်ရက်ကို ဂါလံ(၁၈၀၀၀၀) အထိရှိနေတယ်လို့လည်း သိရပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment