Latest News

Monday, May 8, 2017

ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခြင်းကသင့်လျော်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌပြော

ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခြင်းကသင့်လျော်တယ်လို့ ပြည်သူ့ လွတ်တော် ဥက္ကဌပြော


မွန်ပြည်နယ်တွင်တည်ဆောက်တဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခြင်းက သင့်လျော်မှန်ကန်ကြောင်း ပြည်သူ့ လွတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မေလ(၉)ရက်နေ့ က တံတားဖွင့်ပွဲမှာပြောပါတယ်.။

ပြည်ထောင်စုစိတ်ဓတ်သို့  ပင်လုံစိတ်ဓတ်ကို စတင် မွေးမြူပေးခဲ့ တဲ့  အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတိတယဂုဏ်ပြုသောအားဖြင့် အမည်ပေးခြင်းက သင့်လျော်မွန်မြတ်လှပါတယ်လို့ ၎င်းကပြောပါတယ်။

ဗိုလ်ချုအောင်ဆန်း အမည်နာမကိုတွေ့ မြင့်ကြားသိရခြင်းဖြင့် ပြည်ထောင်စု စိတ်ဓတ်ကိုနိုးကြားစေပြီး စည်းလုံးညီညွတ်မှု ကိုဖြစ်စေသလို တိုင်းချစ်ပြည်ချစ်စိတ်တွေလည်း ပေါ်ပေါက်စေနိုင်တယ်လို့ လည်းဖွင့်ပွဲမှာပြောပါတယ်.။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးရန် နိုင်ငံတော်ရဲ့ အနာဂတ်ရေးကို မျှော်တွေးကာ အဆိုတင်ခြင်းထောက်ခံခြင်း ဆွေးနွေးခြင်း ဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ ကြသောလွတ်တော်ကိုယ်စားလှယ်များကိုလည်း ချီးကျူးဂုဏ်ယူပါကြောင်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီးတော့လည်းတံတားအမည်များကို မြစ်ကိုအခြေခံ၍လည်းကောင်းတံတားကိုအခြခံ၍လည်းကောင်း နိုင်ငံ့ သူရဲကောင်းများကိုလည်းကောင်း ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်များကိုလည်းကောင်း အခြေနေအချိန်အခါရ ထူးခြားတဲ့ ဝိသေသများရှိပါက လိုအပ်သလို ဂုဏ်ပြု ကဗ္ဗည်းထိုးသင့်တယ်လို့ လည်းတိုက်တွန်းပြောဆိုပါတယ်။

အဲ့ ဒီနေ့ က  အခမ်းအနားကို ပြည်ထောင်စု ဆောက်လုပ်ရေး ၀န်ကြီးနှင့် မွန် ကရင် တနင်္သာရီ တိုင်းသေကြီး ၀န်ကြီး ချုပ်အပါဝင် ဒေသခံ တွေလည်းတက်ရောက်ခဲ့ ပါတယ်။

မွန်ပြည်နယ်က ဗိုလ်ချုပ်အောင်ဆန်းတံတား ဘီလူကျွန်း နာမည်ပေးရေးကို လွတ်တော်မှာမဲခွဲဆွေးနွေးခဲ့ ပြီး အမည်ပေးခဲ့ များနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော်မှုတွေလည်းရှိခဲ့ ပါတယ် ။
Myo  Min  Paing

No comments:

Post a Comment