သူရဦးတင်ဦး ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်သွားခြင်းဖြစ်
ရောဂါအခြေအနေ စိတ်ချရသည့် အနေအထားသို့ ရောက်ရှိရန် ခုနစ်ရက် စောင့်ကြည့်ရမည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဘယ်ဘက်ဦးနှောက်သွေးကြော ပိတ်ပြီး ခန္ဓာကိုယ်ညာဘက်တစ် ခြမ်းလေဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းအား ဆေးကုသပေးနေသည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများက ရှင်းပြသည်။
ဦးတင်ဦးကို ရန်ကုန်ပြည် သူ့ဆေးရုံ ဆေးရုံအုပ်ဒေါက်တာ အေးကိုကို အဖွဲ့ခေါင်းဆောင်အ ဖြစ်တာဝန်ယူ၍ ဦးနှောက်နှင့်အာ ရုံကြောဌာန ဌာနမှူးပါမောက္ခ ဒေါ်ဝင်းမင်းသစ်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာန ဌာနမှူး ပါမောက္ခဦးမြတ်သူတို့ အပါအ ၀င် သက်ဆိုင်ရာဆရာဝန်ကြီး များ စုစုပေါင်း ၁၅ ဦးပါဝင်သည့် ဆေးဝါးကုသရေးဆိုင်ရာ ကော် မတီဖွဲ့၍ ဆေးကုသပေးနေ သည်။
အဆိုပါကော်မတီက ဦး တင်ဦး၏ ရောဂါလက္ခဏာနှင့် ဆေးကုသမှုဆောင်ရွက်ပေးနေမှု အခြေအနေများကို မေလ ၁၉ ရက်က ရန်ကုန်ဆေးရုံကြီး၌ သ တင်းစာရှင်းလင်းခဲ့ရာ ဦးတင်ဦး ၏ ရောဂါအခြေအနေ စိတ်ချရ သည့်အနေအထားသို့ ရောက်ရှိ ရန် ခုနစ်ရက်ခန့် စောင့်ကြည့်ရ မည်ဖြစ်ပြီး ခုနစ်ရက်ကျော်လွန်ပါ က ပြန်လည်သန်စွမ်းရန် နှစ် ပတ်ခန့်ဆေးရုံတွင် နေရမည်ဟု ပါမောက္ခ ဒေါ်ဝင်းမင်းသစ်က ပြောသည်။
‘‘ဒီခုနစ်ရက်အတွင်းမှာ ဦး နှောက်ရောင်တာရှိတယ်။ သွေး ကြောတွေမမှန်တာတွေ ရှိတယ်။ အဲဒါတွေအားလုံးက ခုနစ်ရက် စောင့်ကြည့်ရတာပေါ့’’ ဟု ၎င်း က ဆိုသည်။
ဦးတင်ဦးသည် သွေးတိုး ရောဂါနှင့် နှလုံးရောဂါအခံများ ကြောင့် ဦးနှောက်ကို ပို့သည့် သွေးကြောသုံးခုအနက် သွေး ကြောတစ်ကြောတွင် သွေးခဲများ ပိတ်ခြင်းဖြစ်ကြောင်း ဆရာဝန် ကြီးများက ရှင်းပြသည်။
‘‘ရာဇ၀င် မေးမြန်းချက်အရ ည ၁၁ နာရီလောက်မှာ ရေချိုး ခန်းထဲမှာ ချော်လဲတယ်လို့သိရပါ တယ်။ ဦးနှောက်ကို ပို့တဲ့ သွေး ကြောဟာ သွေးခဲတွေနဲ့ ပိတ်ဆို့ သွားတဲ့အတွက် အဲဒီအချိန်မှာ လဲ ကျသွားတယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်။ အဲဒါကြောင့် ဦး နှောက်သွေးကြောပိတ်လို့ ဒီရော ဂါဖြစ်ရတဲ့ အကြောင်းရင်းဖြစ် ပါတယ်’’ ဟု ဒေါက်တာအေးကို ကိုက ဆိုသည်။
ပါမောက္ခဒေါ်ဝင်းမင်းသစ် က ‘‘အန်ကယ်ကြီးကလည်း (၉၁) နှစ်ကျော်ပြီ။ သူ့မှာ အခြေခံက နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိ တယ်။ ပြီးတော့လည်း သွေးတိုး ရောဂါလေးလည်း နည်းနည်းရှိ တယ်။ အဲဒီနှလုံးခုန်နှုန်းမမှန်တဲ့ အခါ ဦးနှောက်ကို သွေးသွားတာ မမှန်တတ်ဘူးပေါ့။ မမှန်တဲ့အခါ ဒီမမှန်ခြင်းကြောင့်ပဲ ဦးနှောက်ကို သွေးသွားတာ နည်းသွားပြီးတော့၊ ဦးနှောက်တစ်ခြမ်းလုံးမှာ ပိတ် သွားပြီးတော့ လေဖြတ်သွားတယ် လို့ ကျွန်မတို့ ယူဆရတာပေါ့’’ ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ‘‘ဦး နှောက်ရဲ့ ဘယ်ဘက်အခြမ်းမှာ လေဖြတ်သွားတော့ ညာသန်တွေ က ညာဘက်တစ်ခြမ်း လုံးဝ မလှုပ်နိုင်ဘူး။ သူစကားပြောလို့ မရဘူး။ အစာမျိုလို့ မရဘူး။ ခြေ ထောက်တွေ၊ လက်တွေ လှုပ်ရှား လို့ မရဘူးပေါ့။ ဒီ ၃၆ နာရီအ တွင်းမှာတော့ မနေ့က မလှုပ်ရှား နိုင်တဲ့၊ ကောင်းတဲ့ ဘယ်ဘက်က လည်း အခုလှုပ်ရှားနိုင်လာပြီ။ မနေ့က ကျွန်မတို့မေးတာကို မဖြေနိုင်ပေမယ့် ဒီနေ့စကားတော့ ပြောလို့မရသေးဘူးပေါ့။ ဘာလို့ လဲဆိုရင် ညာဘက်အခြမ်းလေ ဖြတ်ထားတော့ စကားသိပ်မပြော နိုင်သေးဘူး။ ကျွန်မတို့က လက် မြှောက်ပြပါဆိုရင် သူမြှောက်ပြ လာနိုင်ပြီပေါ့’’ ဟု ပြောကြားသည်။
(၉၁) နှစ် အသက်အရွယ်အ ရ တိုးတက်ရမည့် အခြေအနေ ထက် ပိုပြီး မြန်မြန်ဆန်ဆန်တိုး တက်မှုရှိနေသည်ဟု ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေနှင့်ပတ် သက်ပြီး ပါမောက္ခဒေါ်ဝင်းမင်း သစ်က ရှင်းပြသည်။
‘‘ဘယ်သူမှ ဒီလို အခြေအ နေမျိုးမှာ ချက်ချင်းကောင်းတယ် ဆိုတာ မရှိပါဘူး။ ဒါကလည်း ဒီ အထဲမှာ ပါဝင်တဲ့၊ လာတဲ့လူတွေ အကုန်လုံးသိမှာပါ။ လေဖြတ် တယ်ဆိုတာ ချက်ချင်းကြီး အခု ဆေးကု အခုကောင်းတဲ့ဟာမျိုး မဟုတ်ဘူးပေါ့။ သူက အသက်က လည်းကြီးပြီဆိုတော့ တဖြည်း ဖြည်းလေးလုပ်ယူရမယ်’’ ဟု ၎င်း ကဆိုသည်။
ဦးတင်ဦးသည် ဘယ်ဘက် ဦးနှောက်သွေးကြော ပိတ်သွား သော်လည်း ခွဲစိတ်ရန်မလိုဟု ပါမောက္ခ ဦးမြတ်သူက ပြော သည်။
‘‘သွေးကြောပိတ်တဲ့ ပမာဏ အရမ်းများလို့ ဦးနှောက်ရောင် တယ်ဆိုရင်တော့ ကျွန်တော်တို့ က အရိုးခွံဖွင့်တာတို့၊ ခွဲစိတ်တာ တို့ လုပ်ရတယ်။ ဒါပေမဲ့ အခု သွေးကြောပိတ်တဲ့ ပမာဏက နည်းတယ်။ ရောင်နေတာ နည်း တဲ့အတွက်ကြောင့်မို့လို့ လက်ရှိ အနေအထားက ခွဲစိတ်ဖို့ မလိုပါ ဘူး’’ ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားဆေးရုံများကိုဆက် သွယ်မေးမြန်း၍ အ ကြံဉာဏ်များ ယူထား၍ လက်ရှိအနေအထား သည် ဆေးကုသရန်သာလိုကာ သွေးခဲကို ဖျော်ထုတ်ရန် မလို ကြောင်း ပါမောက္ခဦးမြတ်သူက ပြောသည်။
ဦးတင်ဦး၏ ဆေးဝါးကုသမှု ကို မြန်မာနိုင်ငံ၌ပင် လုံလောက် စွာ ဆေးကုသမှုပေးနိုင်၍ ပြည်ပ သို့ သွားရောက်ရန် မလိုဟု ဆရာ ၀န်ကြီးများက ရှင်းပြသည်။
ဦးနှောက်တွင်ရှိသည့် သွေး ကြောသုံးခု၌ သွေးမသွား၍ ဖြစ်စေ၊ ဦးနှောက်သွေးကြော ပေါက်သွား၍ဖြစ်စေ လေဖြတ်နိုင် ပြီး လေဖြတ်ရောဂါသည် အ သက်အရွယ်၊ ကျား၊မ မရွေးဖြစ် နိုင်ကြောင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆီပိတ် စသည့် ရောဂါအား လုံး၏ နောက်ဆုံးအဆင့်သည် လေဖြတ်ရောဂါ ဖြစ်ကြောင်း ပါမောက္ခဒေါ်ဝင်းမင်းသစ်က ရှင်း ပြသည်။
ဆေးကုသမှုခံယူနေသော ဦးတင်ဦးထံသို့ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ ဆရာတော်၊ သံဃာတော်များနှင့် လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်တိုက်လာရောက်အားပေးလျက်ရှိသည်။
မေလ ၁၈ ရက်တွင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအ၀င် NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပါတီဝင် များ၊ ဆရာတော် အရှင်ဆေကိန္ဒ၊ ဦးမင်းကိုနိုင်နှင့် နိုင်ငံရေး အင် အားစုများ၊ ဆွေမျိုးမိတ်ဆွေများ လာရောက်ကြည့်ရှုခဲ့ပြီး မေလ ၁၉ ရက်တွင် ဆရာတော် အရှင်ဆန္ဒာဓိက၊ ဒုတိယ သမ္မတ ဦး ဟင်နရီဗန်ထီးယူ၏ဇနီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့ လာရောက်ကြည့်ရှုခဲ့သည်။
မြို့ကြီးအချို့တွင်လည်း ဦးတင်ဦး ကျန်းမာစေရန် ဆုတောင်းပွဲများပြုလုပ်နေသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment