Latest News

Wednesday, May 3, 2017

ယနေ့ အပူချိန် သတိထားရန် ဒေါက်တာထွန်းလွင် တိုက်တွန်း

ယနေ့ အပူချိန် သတိထားရန် ဒေါက်တာထွန်းလွင် တိုက်တွန်း

ယနေ့ မေလ ၄ ရက်၊ မွန်းလွဲညနေပိုင်းတွေမှာ အပူအန္တရာယ်ကို သတိထားရန် ဒေါက်တာထွန်းလွင်က တိုက်တွန်းထားပါတယ်။

"လေထဲမှာရေငွေ့တွေ ရှိနေတယ်။ တိမ်က မဖြစ်ထွန်းဘူး။ မိုးကလည်း မရွာဘူး။ ညနေပိုင်းတွေရောက်လာရင် ရေငွေ့တွေက တိုးလာမယ်။ အပူချိန်က ပိုမြင့်တက်လာမယ်။ ဒါဟာ  ခံစားရတဲ့အပူချိန်တွေ  ညနေပိုင်းတွေမှာ မြင့်တက်လာတော့မယ့် perfect condition သဘောပဲ။ ဒေသကိုလိုက်လို့ Extreme danger ကို ရောက်လာဖို့ ရှိနေပါတယ်" လို့ သူ့ လူမှုကွန်ရက်မှာ ဒီမနက်က မျှဝေထားပါတယ်။

ယနေ့အပူချိန်မှာ မြန်မာပြည်အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်အပါအဝင် အပူချိန် အမြင်ဆုံး 45 ဒီဂရီစင်တီဂရိတ်အထိ ရှိနေပါတယ်။

ဓာတ်ပုံ - ဦးထွန်းလွင်ဖေ့ဘွတ်ခ်(မဇ္ဈိမ)

No comments:

Post a Comment