လေဖိအားနည်းရပ်ဝန်းကြောင့် မေလ ၁၅ ရက်မှ ၂၀ ရက်အတွင်း မုတ်သုံဝင်ရောက်နိုင်
မြန်မာ့ပင်လယ်ရေပြင် ပိုင်နက်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မေလ ၁၅ ရက်မှ ၂၀ ရက်အတွင်း မုတ်သုံလေဝင်ရောက်နိုင်ပြီး ဒေ သအများစု မိုးနှင့်လေပြင်းအန္တ ရာယ် အထူးသတိပြုရန် ဒေါက် တာထွန်းလွင်က သတိပေးသည်။
ကပ္ပလီပင်လယ်ပြင် မြန်မာ့ ပင်လယ်ရေပြင်ပိုင်နက်တွင် မေ လ ၁၂ ရက်က စတင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း သည် အားကောင်းမလာသော် လည်း မေလ ၂၀ ရက်ခန့်အထိ ရှိနေနိုင်၍ ယင်း၏အရှိန်ကြောင့် မိုးရောလေပါ အားကောင်းနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘လတ်တလောခန့်မှန်းချက် ကတော့ လေဖိအားနည်းရပ်ဝန်း က မြန်မာပိုင်နက်ရေပြင်မှာ ဖြစ် နေလို့ မိုးကတော့ ရွာနေမယ်။ မိုးရွာဖို့တွေက အနောက်လေစီး ကြောင်း အရှိန်ရော၊ တောင်ဘက် က မုတ်သုံဝင်လာမှာရော၊ လေဖိ အားနည်းရပ်ဝန်းအရှိန်ကြောင့် ရော။ ဒါကြောင့် သတိထားဖို့တွေ များတယ်။ ညနေပိုင်းတွေမှာ လေပြင်းနဲ့ မိုးကြိုးအန္တရာယ်လည်းရှိ နေတယ်’’ဟု ပြောသည်။
လက်ရှိ ရာသီဥတုအခြေအ နေအရ ပင်လယ်ပြင်တွင် လှိုင်း နှင့်လေအားကောင်းနိုင်၍ ငါးဖမ်း ရေယာဉ်များ သတိပြုရန် လိုနေ ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် အနောက် တောင်မုတ်သုံလေသည် မေလ ၁၅ ရက်မှ ၂၀ ရက်အတွင်း မြန် မာနိုင်ငံတောင်ပိုင်းဒေသသို့ ဝင် ရောက်လာဖွယ်ရှိကြောင်း ဆက် လက်အသိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်၊ ကယားနှင့်မွန်ပြည်နယ်တို့တွင် ပုံမှန်ထက်မိုးပိုလာနိုင်ကာ မေလ ၁၃ ရက်၌ လှိုင်းဘွဲ၊ မုဒုံ၊ ဘားအံ၊ပဲခူး၊ရေး၊ မြိတ်၊ သံတောင်ကြီး၊ပုသိမ်နှင့် ကော့သောင်းမြို့တို့တွင် ပုံမှန်ထက် မိုးကောင်းခဲ့ကြောင်း သ တင်းထုတ်ပြန်ထားသည်။
ဘင်္ဂလား ပင်လယ် အော်ရှိ လေဖိအား နည်း ရပ်ဝန်းကို ထိုင်း မိုးလေ၀သ ဂြိုဟ်တုမှ ဖမ်းယူ ထားသော ပုံရိပ်ကို မေလ ၁၃ ရက်က တွေ့ရစဉ်
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment