ကျပ် ၂၀၀ တန် အောင်ဘာလေထီရောင်းချမှု ဇွန်လတွင် အပြီးရပ်ဆိုင်းမည်၊ ကျပ် ၅၀၀ တန် ထီအရန်ထီလက်မှတ်များ ဇူလိုင်ကစ၍ မထားတော့ဟုဆို
မေလအတွင်း ရောင်းချ ထားသည့် ကျပ် ၂၀၀ တန် အောင်ဘာလေထီကို ဇွန်လ ၁ ရက် ဖွင့်လှစ်ပြီးပါက အပြီးရပ် ဆိုင်းမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသည် ကျပ် ၂၀၀ တန် အောင်ဘာလေထီကို ကျပ် ၅၀၀ တန်ထီ ထွက်ရှိလာပြီးနောက် မတ်လမှ မေလအထိ သုံးလသာ ရောင်းမည်ဖြစ်၍ ယခုလသည် ကျပ် ၂၀၀ တန်ထီ ရောင်းချသည့် နောက်ဆုံးလဖြစ်သည်။
‘‘ထီကံစမ်းတဲ့ သူတွေက လည်း ကျပ် ၅၀၀ တန်ထီကို စိတ် ၀င်စားမှုများတာကြောင့် မူလ ကျပ် ၂၀၀ တန်ထီကိုရပ်မှာပါ။ နောက်လဆိုရင် ထီတစ်မျိုးတည်း ကျန်ခဲ့မှာဖြစ်ပြီး ထီစနစ်ကို ထပ် ပြီး မြှင့်တင်တဲ့လုပ်ငန်းတွေလုပ် သွားမှာပါ’’ ဟု ဦးမင်းထွဋ်က ပြောသည်။
အောင်ဘာလေ သိန်းဆု ဌာနသည် ကျပ် ၅၀၀ တန်ထီ ထွက်ရှိလာသည့် မတ်လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ်ကို အက္ခရာ သုံးလုံးသာ ရိုက်နှိပ် ရောင်းချခဲ့သည်။
‘‘၂၀၀ တန်ထီက ဈေးကွက် မှာလည်း မရောင်းရလို့ ၅၀၀ တန် ထီနဲ့တွဲပြီး ကုန်အောင် မနည်း ရောင်းနေရတာ။ ဆုကြေးကွာ တော့ ထီထိုးတဲ့သူတွေကလည်း ၅၀၀ တန်ထီကိုပဲ ထိုးကြတယ်’’ ဟု ထီအရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ကျပ် ၂၀၀ တန်ထီကို နှစ် ပေါင်း ၃၀ ခန့်အကြာ ရောင်းချ ဖွင့်လှစ်ခဲ့ပြီးနောက် (၃၄၂) ကြိမ် မြောက်တွင် ရပ်ဆိုင်းခြင်း ဖြစ်သည်။
‘‘ဇွန်လကစပြီးတော့ ကျပ် ၅၀၀ တန်ထီကို အက္ခရာ ၄၄ လုံး လောက်အထိ တိုးမြှင့်ထုတ်လုပ် ဖို့တော့ စဉ်းစားထားတယ်။ ၀ယ် လိုအားကိုလည်း စောင့်ကြည့်ရဦး မှာပေါ့’’ဟု ဦးမင်းထွဋ်က ပြော ကြားသည်။
အဆိုပါ ကျပ် ၅၀၀ တန်ထီ ကို သုံးကြိမ်မြောက်အထိ ဈေး ကွက်အတွင်း အက္ခရာ ၃၆ လုံး အထိသာ အမြင့်ဆုံး ရိုက်နှိပ် ရောင်းချခဲ့သည်။
ထို့အပြင် ကျပ် ၅၀၀ တန် ထီ စတင်ရောင်းချကတည်းက ထားရှိခဲ့သည့် အကြိမ်အရေအ တွက်မပါသော အရန်ထီများ ဖြန့် ဖြူးရောင်းချခြင်းကို ဇူလိုင်ကစ၍ ရပ်ဆိုင်းမည်ဟု ဆိုသည်။
‘‘အရန်ထီထားတာက ဈေး ကွက်မှာ ဈေးနှုန်းမတည်မငြိမ်ဖြစ် ရင် ထိန်းလို့ရအောင်လို့ပေါ့။ ထီ စနစ်အသစ် စစချင်းမှာ ဈေး ကွက်မပျက်အောင်လို့ အရန်ထီ ထည့်သုံးခဲ့တာ။ ဇွန်လအထိတော့ ဆက်ရှိနေဦးမယ်။ ဇူလိုင်ကစရင် ထီလက်မှတ်တိုင်းမှာ အကြိမ်ရေ ပါမယ်။ အရန်ထီစနစ်မရှိတော့ ဘူး’’ဟု ဦးမင်းထွဋ်က ပြောသည်။
လက်ရှိ ရောင်းချနေသော ကျပ် ၅၀၀ တန် အောင်ဘာလေ ထီ၏ အရန်ထီလက်မှတ်များသည် အကြိမ်အရေအတွက်ပါဝင် ခြင်းမရှိသကဲ့သို့ ထီလက်မှတ်အရောင်သည် ကွဲလွဲနေခြင်း ကြောင့် ထီကံစမ်းသူများ ဝေဖန်မှု များရှိနေသည်။
7Day News Journal
Tuesday, May 9, 2017
ကျပ် ၂၀၀ တန် အောင်ဘာလေထီရောင်းချမှု ဇွန်လတွင် အပြီးရပ်ဆိုင်းမည်၊ ကျပ် ၅၀၀ တန် ထီအရန်ထီလက်မှတ်များ ဇူလိုင်ကစ၍ မထားတော့ဟုဆို
ကျပ် ၂၀၀ တန် အောင်ဘာလေထီရောင်းချမှု ဇွန်လတွင် အပြီးရပ်ဆိုင်းမည်၊ ကျပ် ၅၀၀ တန် ထီအရန်ထီလက်မှတ်များ ဇူလိုင်ကစ၍ မထားတော့ဟုဆို
Reviewed by Ar Ti
on
1:49 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment