Latest News

Friday, May 19, 2017

ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေရင် တရုတ်က စစ်ကြေညာမည်

ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေရင် တရုတ်က စစ်ကြေညာမည်

        ဖိလိပိုင်နိုင်ငံအနီး နယ်မြေ အငြင်းပွါးမှု ဖြစ်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ  ဖိလိပိုင်နိုင်ငံ က ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေဖို့ ကြိုးစားလာရင် တရုတ်ပြည်အနေနဲ့ မလွဲမရှောင်သာ စစ်ကြေညာရလိမ့်မယ်လို့ တရုတ်ခေါင်းဆောင်တွေက ပြောကြောင်း ဖိလိပိုင်သမ္မတ ဒူတားတေးက ပြောကြားလိုက်ပါတယ်။
 
     တရုတ်ပြည် ဘေကျင်းမြို့ကို အရင်တပတ်က ရောက်ရှိတုန်း တရုတ်သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကာချန်း တို့နဲ့ တွေ့ဆုံ ဆွေးနွေးကြရာမှာ သူက အဲဒီနယ်မြေဟာ ရှေးကထဲက ဖိလိပိုင် နယ်မြေဖြစ်တဲ့အတွက် ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေဖို့ စိတ်ကူးရှိတယ်လို့ ပြောတဲ့အခါမှာ သူ့ကိုခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

      ကျုပ်တို့ဟာ မိတ်ဆွေ နိုင်ငံတွေ ဖြစ်ပါတယ်။ ခင်ခင်မင်မင်နေပြီး ရန်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ ဇွတ်တိုးလာရင် စစ်ဖြစ်ရလိမ့်မယ်လို့ သူ့ကိုပြောကြတဲ့အကြောင်း  သမ္မတ ဒူတားတေးက သတင်းထောက်တွေကို ပြောပြပါတယ်။

           တောင်တရုတ် ပင်လယ်ပြင်ထဲက ကျွန်းသေးသေးလေးတွေမှာ   Philippines Taiwan, Malaysia, Vietnam နဲ့ Brunei နိုင်ငံတို့ သူပိုင် ကိုယ်ပိုင် အငြင်းပွါးနေကြတာ ဖြစ်ပြီး    တရုတ်နိုင်ငံက  တချို့ကျွန်းလေးတွေကို  မြေသဲဖို့ပြီး နယ်မြေ ချဲ့ထွင် နေတယ်လို့လဲ သိရပါတယ်။   (Photo credit: AFP)RFA

No comments:

Post a Comment