ချစ်သုဝေ နှင့်တွေ့ဆုံခြင်း
‘‘သမီးလေးတွေဖြစ်တဲ့အတွက် ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ အရာတွေကိုပဲ သူတို့ကြုံတွေ့ရမှာပဲဆိုတော့ သမီးလေးတွေ အလှည့်ကျရင် ပိုပြည့်စုံအောင် ကြိုးစားမယ်’’
အဆိုတော် လင်းလင်း နဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ ရဲ့ အမြွှာသမီးနှစ်ဦးဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီးမှာပဲ သုံးလ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာ လူမှုကွန်ရက်စာ မျက်နှာတွေမှာလည်း သူတင် လိုက်သမျှ သမီးနှစ်ဦးနဲ့ ချစ်သုဝေ ရဲ့ ပုံတိုင်းဟာ အားပေးချစ်ခင် မှုကို ရရှိထားတာပါ။ မိခင်ဘ၀ကို ကြုံတွေ့ရချိန်မှာ တစ်ပြိုင်နက် တည်း အမြွှာသမီးနှစ်ဦးကို ပိုင် ဆိုင်လိုက်ရတဲ့ ချစ်သုဝေ အနေနဲ့ ပြောင်းလဲသွားတဲ့ ဘ၀အချိန် ဇယားတွေ၊ ဖြတ်သန်းမှုတွေနဲ့ နေ့ စဉ်မိခင်ဘ၀လှုပ်ရှားမှုတွေနဲ့ ပတ် သက်လို့ 7Day News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ တာတွေကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။
မိခင် ဘ၀ မှာတောင်မှ အမြွှာသမီးလေးနှစ်ဦးရဲ့ မိခင် အဖြစ် တစ်ပြိုင်နက်တည်း ရောက်ရှိလိုက်ချိန်မှာ ကြုံလိုက်ရတဲ့အတွေ့အကြုံသစ်က ဘယ်လိုရှိပါသလဲ။
ဘ ၀မှာ ဘာနဲ့မှမတူတဲ့အချိုး အကွေ့အပြောင်းအလဲတွေနဲ့ တစ်ချိန်က လက်ခံထားတဲ့အရာတွေ၊ ပိုင်ဆိုင်ထားတဲ့အရာတွေ၊ အရင် က လက်ခံချင်တဲ့အရာတွေ၊ ပိုင် ဆိုင်ချင်တဲ့ အရာတွေအားလုံးက Totally Change ဖြစ်သွားပြီးတော့ ဘာစဉ်းစားစဉ်းစား၊ ဘာလုပ်လုပ် အားလုံးနံပါတ်(၁)က သူတို့လေး တွေဖြစ်သွားတယ်။ ကိုယ့်ရဲ့ အတ္တတွေ၊ ကိုယ်ရဲ့ လိုချင်မှုတွေအား လုံးက နောက်ရောက်သွားပြီး တော့ သူတို့အတွက်ပဲ စဉ်းစားမိ သွားတာပေါ့။ သူတို့အတွက် ရှင် သန်ရတဲ့ ဘ၀ကြီးတစ်ခုကို ပြောင်းလဲသွားသလို စိတ်ထဲမှာ ခံစားရ တယ်။
အမြွှာနှစ်ဦးရဲ့ မိခင် ဘ၀အ ချိန် ဇယားလေးပြောပါဦး။
မိုးဘယ်လိုလင်းပြီးတော့ မိုး ဘယ်လိုချုပ်သွားမှန်းမသိဘူး။ (ရယ်လျက်) အဲဒါတော့ အတိုချုံး ပေါ့နော်။ အရင်တုန်းက ထရီဇာ က စည်းစနစ်လေးနဲ့ လုပ်တတ်ကိုင် တတ်တော့ မိုးလင်းမိုးချုပ်က သူ့ ဟာလေးနဲ့သူ Plan လေးတွေရှိ တယ်။ သမီးလေးနှစ်ယောက်မွေး လိုက်တဲ့အချိန်ကျတော့ တစ်ပြိုင် နက်တည်း နှစ်ယောက်ဆိုတော့ လေ ပြောင်းလဲလာတဲ့အသစ်မှာမှ နှစ်ဆတိုးပြီးတော့ တာဝန်ထမ်း ဆောင်ရသလို ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ နေသားကျပြီးတော့ Handle လုပ်နိုင်ဖို့ နေ့ပေါင်းများ စွာယူလိုက်ရတယ်။ ဆေးရုံမှာ တုန်းကကျတော့ Nursing Unit ထဲမှာ ကလေးတွေကို ထားတယ်။ ပြီးရင် ကိုယ့်ဆီနို့လာတိုက်တယ်။ ထရီဇာဆေးရုံက ဆင်းခါနီးနှစ်ရက် လောက်မှာ သမီးလေးတွေရဲ့ ဘယ်အချိန်အိပ်တယ်၊ ဘယ်အချိန်မှာ နိုးတယ်၊ ဘယ်အချိန်မှာ သူတို့ငို တတ်တယ်၊ ဘယ်ဟာလေးတွေ သူတို့လိုအပ်တယ်၊ ဘယ်အချိန် ဘာတွေဖြစ်တတ်တယ်ဆိုတာ နား လည်ဖို့အတွက်ကို သူတို့လေးတွေ ကို အနားမှာခေါ်ထားတယ်။
ဒါပေမဲ့ အိမ်ရောက်တဲ့အချိန်မှာ Handle လုပ်ဖို့အတွက် တော် တော်လေးရုန်းကန်ရတယ်။ နေ့စဉ်အချိန်ဇယားဆိုရင် ထရီဇာက မိခင်နို့ပဲတိုက်တယ်။ သူတို့ဆာတဲ့အ ချိန် ဆာသလို တိုက်နိုင်အောင် ကိုယ်က ဉာဏ်ကူရတာပေါ့။ နှစ် ယောက်ဖြစ်တဲ့အတွက် ရက်သား လေးတုန်းကတော့ နှစ်ယောက်စလုံးကို ပြိုင်တိုက်နိုင်တယ်။ ဒါပေမဲ့ နည်းနည်းလေးကြီးလာတော့ နှစ်ယောက်ပြိုင်မတိုက်နိုင်ဘူး။ သူတို့မွေးမွေးချင်းကတည်းက ညဘက်တိုက်မယ့်ဟာကို ကိုယ့်နို့ကို Pub နဲ့ ညှစ်ပြီးတော့ မိခင်နို့ကိုပဲ ပုလင်းထဲထည့်တိုက်ပြီး Bottleရဲ့ နို့သီးခေါင်းကို ကျင့်ပေးခဲ့တာပေါ့။ သမီးလေးတွေက လိမ္မာတယ်။ သိတတ်တယ်ပဲ ပြောရ မယ်။
သူတို့တွေ ရက်သားလေးနဲ့ မငြင်းဆန်ဘူး။ ဒါကြောင့် အမေနို့ကို လုံလုံလောက်လောက်နဲ့ Handle လုပ်ပြီး တိုက်နိုင်တယ်။
ရေချိုးတာတော့ ၁၀ နာရီ နဲ့ ၁၂ ကြားပေါ့။ သူတို့ဆာမယ်၊ ပေါက်မယ်၊ အိပ်မယ်။ ဒီသုံးခုကိုပဲ အရိပ်တကြည့်ကြည့်ကြည့်ပြီး လုပ် ပေးနေရတာပေါ့။ ကိုလင်းဆို သမီးလေးတွေကို ဂစ်တာတီးပြတယ်။ အဲဒီလိုဆို သူတို့သိတယ်။ ကြည် နူးတယ်။ အငယ်လေးဆို ပိုသိ တယ် မြူးဇစ်ကို။ ထရီဇာကျတော့ Nursery Rhythm လေးတွေကို ဖွင့်ပေးတယ်။ Screen ကိုမပြဘူး။ သမီးပဲ မြှူပြတယ်။ အဲဒါကတော့ နေ့ခင်းတစ်ကြိမ်၊ ညနေတစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် သမီးသူတို့ ကို လုပ်ပေးတယ်။
READ အလှမယ် တွေ ပြောပြတဲ့ ရေကူးဝတ်စုံ အတွေ့အကြုံ
နောက်ပြီး သမီးနားမှာနေတဲ့ ဆရာမ ဖြစ်ဖြစ်ပေါ့။ စကားလေး တွေပြောပြပေးတယ်။ ပုံပြင်လေး တွေကိုလည်း သူတို့နားလည်လည်၊ မလည်လည် သမီးပြောပေးတယ်။ မှန်လေးတွေပြတယ်။ သူတို့လှုပ် ရှားမှုလေးတွေကို မြင်လာနိုင် တယ်။ Connection လေးတွေ မြင်လာနိုင်တယ်။
တစ်ယောက်ပြီး တစ်ယောက်နို့တိုက်။ တစ်ယောက်ပြီး တစ် ယောက်ရေချိုး။ နာရီကြည့်လိုက် ရင် ၃နာရီ၊ ၄နာရီလောက် ရောက်ပြီ။ အဲဒီတော့မှဟာ… ငါ ထမင်းမစားရသေးဘူးဆိုပြီး အဲဒီ တော့မှ စားရတယ်။ မိခင်ဘ၀က စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ်ပေါ့။ ကိုယ့်အတွက်ဆိုတာ ဘာမှမရှိဘူး။
ကို လင်းလင်း ကကော ထရီဇာကို ဘာတွေကူညီပေးနိုင်လဲ။
ထရီဇာက မေမေ့အိမ်မှာနေ တဲ့အတွက် စားရေးသောက်ရေးက တော့ ဘာမှမပူရဘူး။ ကလေးမွေး ထားတဲ့ မိခင်အတွက်က အိမ် ထောင်ဖက်ရဲ့ ဖေးမကူညီမှုက အရမ်းအရေးကြီးတယ်။ ကိုလင်း ကတော့ တော်တယ်ပြောရမှာ ပေါ့။ သမီးကိုလည်း အစကတည်းက ညှာတတ်တဲ့သူမျိုး။ မိသားစုကို ချစ်တတ်တဲ့သူမျိုး။ သူ့သမီးလေးတွေကိုလည်း အရမ်းချစ်တယ်။ သူ့ သမီးလေးတွေကလည်း သူ့ကိုပို ချစ်တယ်။ ကိုယ်က တစ်နေကုန် သာ အလုပ်ရှုပ်တာ။ သူ့အဖေချီ ရင်၊ သူ့အဖေမြှူရင် ပြောမနေနဲ့ တော့။ ညပိုင်းဆိုရင်တော့ အစ်ကို့ ကိုပဲ အားကိုးရတာပေါ့။ သူအကုန်လုံးလည်း လုပ်တတ်တယ်။ ရှူးပါ အီးပါလဲပေးတဲ့ကိစ္စကအစ၊ ရေခဲ သေတ္တာထဲက နို့ဘူးထုတ်နွှေးတာ ကအစ အကုန်လုပ်တတ်တယ်။ အဖေတွေနဲ့ သမီးတွေရဲ့ Conn-ection လားမသိဘူး။ တစ်ယောက် ယောက်လက်ပေါ်မှာအီနေပေ မယ့် ကလေးတွေက သူ့ရင်ခွင်ထဲ ရောက်ရင် ငြိမ်ကျသွားရော။
အနုပညာအလုပ်တွေ သိပ်မကြာ ဘူး ပြန်လုပ်တာတွေ့ရတယ်။ အရင်လိုမဟုတ်ဘဲ ကလေးတွေ အိမ်မှာထားခဲ့ပြီး အလုပ်ထွက်လုပ်ရတော့ နောက်ဆံတင်းတာမျိုးဖြစ် လား။
အရမ်းတင်းတာပေါ့။ မျက် ရည်နဲ့ မျက်ခွက်။ ကိုလင်းက တောင် အဲဒီလိုမဖြစ်ရဘူး ပြော တယ်။ တချို့ထရီဇာ Brand Ambassador တာဝန်ယူထားတာ တွေရှိတယ်။ ကိုယ်ဝန်စရှိကတည်းက ကိုယ့်ကို ညှာတာပြီးတော့ ဘာမှRequest မလုပ်ဘူး။ ဒါပေမဲ့ မဖြစ် မနေလုပ်ရမယ့်ပွဲတွေကျတော့ ကိုယ်မပါဝင်ပေးလို့မရတော့ မီး တွင်းတစ်လပြည့်မှာ ထွက်လိုက် တယ်။ မီးတွင်းနောက်ပိုင်းတော့ ပိုပြီး စိပ်စိပ်လေးလုပ်ဖြစ်တယ်။ ကလေးတွေက အမေနို့ပဲသောက် တယ်။ ထရီဇာကလည်း အမေနို့ လုံလောက်တယ်။ မနက်ဖြန်လို အလုပ်ရှိတယ်ဆိုရင် ထရီဇာက ဒီနေ့မှာ သူတို့ကိုလည်း တိုက်ရ တယ်။ မနက်ဖြန်အတွက်လည်း နှစ်ယောက်စာထုတ်ရတယ်။ လေးယောက်စာတစ်ပြိုင်နက်တည်း ထုတ်ရတာဖြစ်တဲ့အတွက် အဲဒီ ထက်တော့ ထရီဇာပိုပြီးမထုတ်နိုင် ဘူး။ (ရယ်လျက်) အဲဒါကြောင့် တစ်ရက်စာအလုပ်လေးတွေ၊ ကြော်ငြာရိုက်လေးတွေ၊ သီချင်း ဆိုတာလေးတွေ လက်ခံနိုင်တာပေါ့နော်။
ဘာကြောင့်အလုပ်တွေပြန် လုပ်လဲဆို ကိုယ့်တစ်ယောက် တည်းအနေနဲ့ ရပ်တည်မှုကို ကြည့် ရင် မေမေ့အတွက်ဆို ကိုယ်က သားသမီး။ ကိုလင်းအတွက်ဆို ကိုယ် ဟာ အိမ်ထောင်ဖက်။ သမီးလေး တွေအတွက်ဆို ကိုယ်က အမေ။ ခံယူချက်က သားသမီးကောင်း၊ အိမ်ထောင်ဖက်ကောင်း၊ အမေ ကောင်းဖြစ်ချင်တယ်။ အဲဒီသုံးခု ကြားမှာ အဆင်ပြေပြေလုပ်ရတာ ပေါ့။ ထရီဇာ့ပရိသတ်တွေလည်း ရှိသေးတယ်။ အဲဒီအတွက် အများ ကြီးမဟုတ်တောင် တတ်နိုင်သ လောက်လေး ပြန်လုပ်ဖြစ်တာ။
ကိုလင်း ကတော့ ကိုယ့်ကို ကလေး မယူခင် အိမ်ထောင်စကျ ကတည်းက သိပ်တာဝန်တွေမပေး တတ်ဘူး။ သူက သူ့တာဝန်သူယူ တဲ့ ယောက်ျားမျိုး၊ ဝေယျာဝစ္စရယ်လို့ တသီးတသန့်ကြီး မလုပ်ပေးခဲ့ရတဲ့သူဆိုတော့ ကိုယ်ကသာအရမ်းတာဝန်ကျေအောင် လိုက်ကြိုးစားလုပ်ပေးရတဲ့ သူမျိုး။
သမီးလေးတွေ အတွက် တော့ သားဦးအရူးဆိုတာ အမေ တွေကို ပြောတာထင်ပါတယ်။ ဆရာမတွေဆိုလည်း အရမ်းဂရု စိုက်ပေမယ့် ကိုယ်ပါမှပဲ စိတ်ချ တော့ မနက်မိုးလင်းကနေ ညမိုး ချုပ်ထိ ကိုယ်မနားရဘူး။ ရေချိုး လည်း ပါလိုက်ရမှ။ နားရတဲ့အချိန်ဆိုလည်း အငြိမ်မနေဘူး။ သမီး လေးတွေ အင်္ကျီတွေရှင်း၊ သမီး လေးတွေအတွက် အမှတ်တရ ဓာတ်ပုံလေးတွေရိုက်၊ ပုံပြင်ပြော။ ကဗျာတွေကျက်တာမျိုး၊ ဖြည့် စွက်စာကျွေးရမယ့်အချိန်အတွက် လည်း ကြိုပြီးအင်တာနက်မှာ ၀င် ရှာဖတ်တာမျိုး။
READ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်း ရှင်များအသင်းနှင့် တွေ့ ဆုံခြင်း
သမီးလေးတွေ ဖြစ်တဲ့အ တွက် ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ အရာ တွေကိုပဲ သူတို့ကြုံတွေ့ရမှာပဲဆို တော့ ကိုယ်မှားခဲ့တဲ့အရာတွေ၊ ကိုယ်မဆင်ခြင်နိုင်ခဲ့တဲ့အရာတွေ၊ ကိုယ်မိဘပေါ်မှာ လိုအပ်ခဲ့တဲ့အ ရာတွေ၊ ကိုယ့်ရဲ့ ကောင်းခြင်းတွေ၊အားသာချက်၊ အားနည်းချက်တွေ သိထားတဲ့အတွက် သမီးလေးတွေအလှည့်ကျရင် ပိုပြည့်စုံအောင် ကြိုးစားမယ်လို့တော့ စိတ်ကူးတာ ပဲ။
သမီးလေးတွေ ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပေးခဲ့တာလည်း တွေ့ရတယ်။ ကလေးတွေအ တွက် ဒေါ်အောင်ဆန်းစုကြည် ဆီ ကနေ မှတ်မှတ်ရရစကားတစ်ခုခု ပြောကြားခဲ့တာမျိုးရှိလား။
ကိုယ်ဝန် နဲ့ကတည်းက ကြုံ ရင်ကြုံသလို သတင်းမေးပါတယ်။ မွေးပြီးတော့လည်း ခဏခဏမေး တာ။ ကလေး တွေက ရက်သား လေးတွေဖြစ်တော့ ခရီးလည်းမ ထွက်ဖြစ်ဘူး။ သင်္ကြန်ထွက်မယ် ဆိုတော့ အမေ့ (ဒေါ်အောင်ဆန်း စုကြည်)ကို ၀င်ကန်တော့မယ်ဆို ပြီး ၀င်တာ။ အမေ့ဆီက မှတ်မှတ် ရရစကားက အဘိုးအဘွားတွေက အလိုလိုက်မှာပေါ့နော်။ အားလုံး က ၀ိုင်းချစ်နေကြတော့ အားလုံးကအလိုလိုက်ကြမှာပေါ့နော်လို့ အမေ ကပြောချိန်မှာ ကိုယ်ကမ ထင်မှတ်ဘဲနဲ့ မေမေက အလိုမ လိုက်ဘူး။ လက်ကြိုက်သွားမှာစိုး လို့ အမြဲတမ်းအောက်ကိုချခိုင်း ထားတာ။ အမြဲတမ်းချီမခိုင်းထား ဘူးဆိုပြီး ပြောလိုက်တော့ အမေ က ဘာပြောလဲဆိုတော့ လက် ကြိုက်တာဘာဖြစ်လဲတဲ့။ (ရယ် လျက်) ကလေးလေးတွေ အချီခံ ချင် ရင်ငွေ့ကြိုက်ပြီး လက်ကြိုက် တာ ဘာဖြစ်လဲပေါ့။ ဒီအရွယ်လေးပဲ၊ ဒီအချိန်လေးပဲ လုပ်ရတယ် ဆိုတဲ့ အမေ့ စကားကိုကြားလိုက် ရတဲ့အချိန်မှာ သြော်…တစ်ခွန်းဆို ဆိုသလောက်ပဲ။ တကယ်ပဲ သားသမီး ဆိုတာ သူ့အချိန်တန်ရင် ကြီးလာမှာပေါ့နော်။ တဖြည်းဖြည်း ကြီးလာမယ်။ တစ်ချိန်ကျရင် (ပြောရင်း မျက်ရည်ကျလာရင်း) ကိုယ့် ဆီက ထွက်သွားတဲ့ အချိန်လည်း ရှိလာမှာပဲလေ။ အဲဒီတော့ သူ့ရဲ့ နောက်ဆုံးလုပ်ပေးခွင့်ဆိုတာ ရှိ လာမယ်။ သမီးလေးတွေကို ရင် ခွင်ပိုက်ပြီး နို့တိုက်တယ်။ တစ်ချိန် ကျ သူတို့ဖြည့်စွက်စာတွေပဲ စား ချင်လာပြီး နို့မသောက်ချင်တာ တွေရှိလာမယ်။ ကိုယ့်ရင်ခွင်ထဲမှာ မနေတော့ဘဲနဲ့ အောက်မှာပဲ တောက်တောက်သွားပြီးတော့ ဆော့တာတွေရှိလာမယ်။ လမ်း လျှောက်တဲ့အရွယ်၊ ကျောင်းသွား မယ့်အရွယ် တက္ကသိုလ်တက်တဲ့ အချိန်ထိ။ အရာရာတိုင်းမှာ နောက် ဆုံးလုပ်ပေးခွင့်လေးတွေအနေနဲ့ Enjoy လုပ်တတ်ဖို့ပဲ အရေးကြီး တယ်လို့ အသိတရားလေးရလိုက် တယ်။
ရှေ့ဆက်လုပ်ကိုင်မယ့် အနုပညာ အလုပ်အစီအစဉ်တွေပြောပါဦး။
သမီးလေးတွေနဲ့ ရိုက်ချင်ကြ တာတွေကိုတော့ နည်းနည်းစောင့် ဖို့ ပြောထားတာပေါ့။ မင်းသမီး လေးတွေ နည်းနည်းကြီးလာ အောင် (ရယ်လျက်)။ ဇွန်လထဲမှာ သမီးလေးတွေနဲ့ ကြော်ငြာရိုက်ဖို့ ရှိတယ်။ သမီးလေးတွေကို Brand Ambassador ပေးထားတဲ့ ကြော် ငြာတွေလည်း ရိုက်ဖို့ရှိတယ်။ နောက်ပြီး တစ်ရက်ခရီး နယ်ရှိုး တွေ၊ ကုမ္ပဏီဒင်နာတွေ၊ မွေးနေ့ ပွဲတွေဆိုပေးဖြစ်တယ်။ ဇွန်၊ ဇူလိုင်ဟာ သူတို့ဖြည့်စွက်စာစကျွေးရ မယ့်အချိန်ဖြစ်ပြီဆိုတော့ စိတ် နည်းနည်းအေးလို့ရပြီဖြစ်တဲ့အ တွက် Single ခွေလေးကို အပြီး သတ်လုပ်ပြီး သီတင်းကျွတ်လောက်ထွက်ဖို့ မှန်းထားပါတယ်။ ကား ရိုက်တော့ တစ်နှစ်လောက်အထိ နားထားမယ် စိတ်ကူးတယ်။ မခွဲနိုင် တာထက်၊ တစ်ခုခုဖြစ်သွားမှ နောင်တရတာထက်၊ သူတို့နဲ့ အတူတူ အနီးကပ်ဆုံး ရင်အုပ်မကွာစောင့် ရှောက်ရမယ့် အရွယ်လေးမှာ အနီးကပ်ဆုံးရင်အုပ်မကွာစောင့်ရှောက်ချင်တယ်။
Credit : 7 Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment