မောင်တောနယ်စပ်ရွာများတွင် မီးလောင်မှုကြောင့် ပြောင်းရွှေ့နေရသူများကို မူလနေရာ၌ ပြန်လည်ချထားရန်စီစဉ်
မောင်တောနယ်စပ် ဒေသကျေးရွာများတွင် ပြီးခဲ့သည့် နှစ် အောက်တိုဘာနှင့် နိုဝင်ဘာ လများက မီးလောင်ကျွမ်းမှုကြောင့်ဆွေမျိုးနေအိမ်များ၌ ပြောင်းရွှေ့ နေထိုင်နေရသည့် ဘင်္ဂါလီမိသားစုဝင်များကို မူလနေရာများတွင် ပြန်လည်နေရာချပေးနိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။
မောင်တောနယ်စပ်တွင် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ကျေး ရွာ ၁၃ ရွာရှိ၍ ယင်းကျေးရွာများ ရှိ ဘင်္ဂါလီ မိသားစုဝင်များကို နေရာပြန်လည်ချရန် မူလနေရာတွင် ပေ ၄၀×ပေ ၆၀ အိမ်ရာမြေကွက်များ အကွက်ရိုက်ပေးနေ ကြောင်း မောင်တောခရိုင်စီမံခန့် ခွဲမှုကော်မတီမှ သိရသည်။
၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက်နယ် ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်း နှစ်ခုကို အကြမ်းဖက်သမားများ က စီးနင်းတိုက်ခိုက်ခဲ့သည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ် မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်သမား အချို့နှင့် ဒေသတွင်းအစွန်းရောက် ဘင်္ဂါလီ အချို့သည် နေအိမ်များကို မီးရှို့ ထွက်ပြေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန် ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုင်းရင်းသား ကျေးရွာများ၊ လမ်းမကြီးများ၊ လုံ ခြုံရေးကင်းစခန်းများနှင့် နီးကပ် စွာ တည်ရှိနေသော ဘင်္ဂါလီကျေး ရွာများကို နောက်ဆုတ်နေရာချ ထားပေးရန် ဒေသခံများက သက် ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြ ခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်က မောင်တောနယ် စပ်ဒေသသို့ ရောက်ရှိလာသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်က တိုင်းရင်းသား ကျေးရွာများအတွက် လုံခြုံရေး လမ်းတစ်လမ်း ဖောက်လုပ်ပေး မည်ဟု ကတိပေး ပြောကြားခဲ့ သည်။
ယင်းသို့ ပြောကြားထား သော်လည်း လက်ရှိတွင် အဆိုပါ လမ်းဖောက်လုပ်ရေးမှာ အကောင်အထည်မပေါ်သေးပေ။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment