Latest News

Thursday, May 11, 2017

မြောက်ကိုရီးယား ပိတ်ဆို့မှု ဂျာမနီ ပါဝင်

မြောက်ကိုရီးယား ပိတ်ဆို့မှု ဂျာမနီ ပါဝင်

ဘာလင်မြို့မှာရှိတဲ့ တည်းခိုဆောင်တဆောင်ဟာ မြောက်ကိုရီးယား သံရုံးပိုင်ဖြစ်ပြီး  ကုလသမဂ္ဂ က ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ဌားရမ်းထားတာ သိရှိရပြီးတဲ့နောက်  အဲဒီအဆောင်ကို ပိတ်ပစ်မယ်လို့ ဂျာမနီအစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

မြို့လည်မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးဂိတ်နဲ့ ကပ်ရက်မှာရှိတဲ့  Cityhostel Berlin အဆောင်မှာ တညကို အမေရိကန် ၁၇ ဒေါ်လာနဲ့ ညီမျှတဲ့ ၁၆ ယူရိုနဲ့ တည်းခိုနိုင်ပါတယ်။

ဒီ အဆောင်ဟာ မြောက်ကိုရီးယားသံရုံးနဲ့ကပ်ရက်ဖြစ်ရုံမက  မြေကိုပါ သံရုံးက ပိုင်ဆိုင်တယ်လို့ ဂျာမန်  ARD မီဒီယာက ဖော်ပြပြီးတဲ့နောက် စုံစမ်းစစ်ဆေးတာပါ။

အဆောင်မှာ ၂၀၀၄ ခုနှစ်ကတည်းက အငှားတင်နေတာဖြစ်ပြီး မြောက်ကိုရီးယားဟာ တလကို ယူရို ၃ သောင်း ၈ ထောင်လောက်ရနေတယ်လို့ ARD  က ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးရေးရုံးဟာ သံရေးတမန်ရေးနဲ့ ကောင်စစ်ဝန်ရေးရာသာ ဆောင်ရွက် ရမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ကိုးကားပြောပါတယ်။

သံရုံးနေရာဒါမှမဟုတ် သံရုံးနဲ့ ဆက်စပ်တဲ့နေရာမှာ ဘယ်လိုစီးပွားရေးမှ လုပ်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ဘာလင်မြို့မှာရှိတဲ့ Cityhostel ဟာ နိုင်ငံရပ်ခြားမှာ မြောက်ကိုရီးယားကို ကိုယ်စားပြုတဲ့ သံရေးတမန်ရေး ဒါမှမဟုတ် ကောင်စစ်ဝန်ရေးရာလုပ်ငန်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောခွင့်ရသူက ဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရ အတွက် ငွေပင်ငွေရင်းဖြစ်နေတာကို အမြန်ဆုံး ပိတ်ပစ်မယ်လို့လည်း ပြောပါ တယ်။ RFA

No comments:

Post a Comment