Latest News

Thursday, May 4, 2017

ကမ်းနားလမ်းညဈေးမှာ မဖွင့်တဲ့ဆိုင်တွေကိုပြန်သိမ်းမည်

ကမ်းနားလမ်းညဈေးမှာ မဖွင့်တဲ့ဆိုင်တွေကိုပြန်သိမ်းမည်

ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးတန်းမှာ ပုံမှန်ရောင်းချမှုမရှိတဲ့ဆိုင်တွေကို မေလ ၁ဝ ရက်နေ့ နောက်ဆုံးထားပြန်ဖွင့်ဖို့နဲ့ မဖွင့်တဲ့ဆိုင်တွေကို ပြန်လည်သိမ်းယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလ ၁ဝ ရက်နေ့ နောက်ဆုံးထားပြီး မဖွင့်ဘူးဆိုရင် ထုတ်ပေးထားတဲ့ ယာယီကဒ်ပြားတွေကို ပြန်လည်သိမ်းယူမယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

"နောက်ဆုံးရက်ကို ၁ဝရက် ၅ လကို နောက်ဆုံးထားထွက်ရမယ်၊ ၁၈ ရက် ၄ လ ၂ဝ၁၇ သူတို့က နို့တစ်စာတွေကို ဆိုင်တွေကို အကုန်လုံးပို့ထားပြီးသွားပြီ၊ အတွင်းလမ်းတွေအပါ ရန်ကုန်မြို့ Downtown မှာ စာရင်းကောက်တဲ့အခါမှာတုန်းက အားလုံးပေါင်း ဈေးသည် အင်အား ၆ ထောင်ကျော်လောက်ရှိတယ် ဆိုင်ခန်းတွေကိုချထားပေးနိုင်တာက၂ဝဝဝ လောက်ပဲရှိတယ်"

ကမ်းနားလမ်းညဈေးတန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဈေးဆိုင်ပေါင်း ၂ဝဝဝ ကျော်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် စတင်ဖွင့်လှစ်ခဲ့တဲ့ ဈေးဆိုင်တွေထက် ၅ဝ ရာခိုင်နှုန်း ဆိုင် ၁ဝဝဝ ကျော် လောက်ပဲ ဖွင့်လှစ်တော့တယ်လို့ ပြောပါတယ်။

ကမ်းနားလမ်းညဈေးကို အခု မေလအတွင်းမှာပဲ ထပ်မံတိုးချဲ့သွားနိုင်ဖို့ ဆောင်ရွက်နေပြီး ဗိုလ်တစ်ထောင် ကမ်းနားအထိ တိုးချဲ့သွားမယ်လို့ ပြောပါတယ်။

Photo: Aung Thain Kha/RFA

No comments:

Post a Comment