Latest News

Thursday, May 18, 2017

ကောင်းကင်ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်နေ၍ ရန်ကုန်တွင် မီးမကြာခဏပြတ်နေဟုဆို

ကောင်းကင်ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်နေ၍ ရန်ကုန်တွင် မီးမကြာခဏပြတ်နေဟုဆို

ရေအားလျှပ်စစ်စီမံကိန်း များ၏ သိုလှောင်ရေ ပမာဏတိုး တက်လာခြင်းကြောင့် လျှပ်စစ်မီး ကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်သော်လည်း ရန်ကုန်မြို့တွင် ကောင်းကင်ဓာတ်အားလိုင်းများ တိုးချဲ့ပြင်ဆင်နေ၍ ယခုရက်ပိုင်း၌    ဓာတ်အားပြတ်တောက်မှု များ ဖြစ်ပေါ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အများ စုတွင် လျှပ်စစ်ဓာတ်အားပြတ် တောက်မှုများ ဖြစ်ပေါ်နေရခြင်း သည်  ၆၆ ကေဗီကောင်းကင်ဓာတ် အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်နေသော ကြောင့်ဖြစ်ပြီး      ယခုရက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှု များ ထပ်မံရှိနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြော သည်။

‘‘တတ်နိုင်သရွေ့ မီးမပြတ် အောင် လုပ်ပေးနေပါတယ်။ ဒီ ကြားထဲမှာတော့ တချို့အခက်အ ခဲတွေရှိကောင်းရှိတယ်။ အားလုံး စင်းလုံးချောကြီး အဆင်ပြေသွား ပြီလို့ ပြောလို့မရသလို မမျှော် လင့်ဘဲ ဖြစ်လာနိုင်တဲ့ အခက်အ ခဲတွေ လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်း မှာ အများကြီးရှိပါတယ်’’ဟု ၎င်း ကဆိုသည်။

ထို့အပြင် ၀န်အားမနိုင်သည့် ထရန်စဖော်မာများကို အသစ်လဲ လှယ်ခြင်းနှင့် ထရန်စဖော်များ တိုးချဲ့နေရခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု  ၎င်းက ဆက်လက်ပြောသည်။

ကောင်းကင်ဓာတ်အားလိုင်း တိုးချဲ့ခြင်း၊ ထရန်စဖော်မာများလဲ လှယ်ခြင်းအပြင် ဓာတ်အားလိုင်း အနီးမှ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ခြင်းကြောင့်    မီးပြတ်ခြင်း ဖြစ်ကြောင်း    ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ်က ရှင်းပြသည်။

ယခုအခါ မိုးရွာသွန်းမှုများ ပြားလာ၍ ဓာတ်အားအသုံးပြုသူလျော့ကျလာခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းတမံများအတွင်းသို့ ရေ၀င်မှုများလာခြင်းကြောင့် လက်ရှိရေဖြင့် လျှပ်စစ်မီးကို ဇွန်လဒုတိယပတ်အထိ လုံလောက်စွာဖြန့်ဝေပေးနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးသို့ အဓိကဖြန့် ဖြူးနေသည့် ရွှေကျင်၊ ရဲရွာ၊ ပေါင်းလောင်း၊ ကွန်းချောင်းအစ ရှိသော တမံကြီးများသို့ ရေ၀င် ရောက်မှုများပြားလာ၍ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း ဦးထိန်လွင်က  ပြော သည်။

ယခုနှစ်နွေရာသီတွင် ရန်ကုန်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁,၂၂၅ မဂ္ဂါဝပ်အထိ ရှိခဲ့၍ ယခင် နွေရာသီထက် မဂ္ဂါဝပ် ၁၀၀ ကျော်မြင့်တက်လာသည်။

၂၀၁၇ နွေရာသီတွင် တစ် နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားသုံး စွဲမှုသည် ၃,၁၀၀ မဂ္ဂါဝပ်ရှိသည်။

သို့သော် အမှန်တကယ်ဖြန့် ဖြူးပေးနိုင်မှုသည် ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံ ၂၇ ရုံနှင့်  သဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံ ၁၄ ရုံမှ စုစုပေါင်း ၂,၉၉၃ မဂ္ဂါဝပ်ကိုသာ ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။


7Day News Journal

No comments:

Post a Comment