မေလ (၂၁)ရက်မှ (၂၅)ရက်အတွင်း မုတ်သုန် စတင်ဝင်ရောက်နိုင်
မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွေမှာ အခုလ (၂၁)ရက်ကနေ(၂၅)ရက် အတွင်း မုတ်သုန်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ မုတ်သုန်ဝင်ရောက်မှုကိုတော့ မေလ(၃၁)ရက်ကနေ ဇွန်လ(၄)ရက်အတွင်း ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
အခုနှစ်မိုးရာသီမှာ မြစ်ဝကျွန်းပေါ်ဒေသ တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ မှာ မိုးရွာသွန်းမှု အားကောင်းနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ လည်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးရွာသွန်းမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အခုနှစ်မုတ်သုန်ဝင်ရောက်မှုဟာ ၁၉၈၁ ခုနှစ် ကနေ၂၀၁၀ခုနှစ် ရာသီဥတုအရဆိုရင် ပုံမှန်ဝင်ရောက်တာသာဖြစ်တယ်လို့ သိရပါတယ်။
5plus
Subscribe to:
Post Comments (Atom)
No comments:
Post a Comment