ခန္တီးရတနာမြေနှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်ပြော
ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပဋိပက္ခကြောင့် သေဆုံးသူလေးဦးကို နန်စီပွန်တွင် သင်္ဂြိုဟ်
ခန္တီးရတနာမြေတွင် ဖြစ် ပွားခဲ့သောကိစ္စများနှင့်ပတ်သက် ၍ တရားဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောသည်။
‘‘နန်စီပွန်ကိစ္စမှာ လုပ်ငန်း စဉ်လေးရပ်ကို ဆက်ပြီးအကောင် အထည်ဖော်မည်။ ဥပဒေနဲ့အညီ ဆက်လုပ်သွားမယ်’’ဟု စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န် ကြီးချုပ် ဒေါက်တာမြင့်နိုင်က မေလ ၁၈ ရက်တွင် 7Day Daily သတင်းစာအား ပြောကြား သည်။
ခန္တီးမြို့နယ် မကျန်ခ ကျောက်မျက်ရတနာမြေရှိ မြန်မာ အင်ပီးရီးရယ်ဂျိတ်ကုမ္ပဏီလုပ် ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူများ ၀င်ရောက်ရှာဖွေရာ မှ မေလ ၁၇ ရက် နံနက်တွင် လုံ ခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့၍ လူလေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ 7Day က ဆက်သွယ်မေးမြန်းရာ ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက ခန္တီးမြို့ နန်စီပွန်နှင့် မကျန် ခကျောက်မျက်ရတနာမြေသို့ မေ လ ၁၂ ရက်က သွားရောက်စစ် ဆေးခဲ့သည့် ခရီးစဉ်တွင် ရတနာ မြေအတွင်း တရားမ၀င် နေထိုင် သူများကို ဥပဒေနှင့်အညီ ရှင်း လင်းဖယ်ရှားခြင်း၊ တူးဖော်ခွင့် လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အ ညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်နေသည့် ကာလအတွင်း လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းထား ရန် စွန့်ပစ်မြေစာများအတွက် နေ ရာသတ်မှတ်ခြင်းနှင့် ရေမဆေး ကျောက်ရှာဖွေသူများအတွက် စည်းကမ်းချက်များ သတ်မှတ်ပေး ခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးအ တွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း စဉ် လေးရပ်ကို အကောင်အ ထည်ဖော်မည်ဟု ရှင်းလင်း ပြော ကြားခဲ့သည်။
ခန္တီးမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသိန်းလှိုင် ၀င်းက မေ ၁၇ ရက်တွင်မကျန်ခ ကျောက်မျက်ရတနာ နယ်မြေ၌ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘နန်စီပွန်နဲ့မကျန်ခ မှော်နှစ်မှော်ရှိတယ်။ ပထမတုန်း က ရေမဆေးသမားတွေရှာနေ တာ။ နန်စီပွန်မှော်မှာရှိတဲ့ မြေစာ ပုံတွေမှာပဲရှာတယ်။ အဲဒီမှာ လည်း လုံခြုံရေးရဲတပ်ဖွဲ့တွေရှိ တယ်။ သူတို့ရှာတာလည်း ဘာ ပြဿနာမှ မရှိပါဘူး။ မကျန်ခ မှော်မှာ ဦးပိုင်ကုမ္ပဏီက တပ်လုံ ခြုံရေးလည်းရှိတယ်။ အဲဒီမှာ သွားရှာတယ်ဆိုတော့ နည်းနည်း တော့ စဉ်းစားစရာဖြစ်တာပေါ့။ ဒီဘက်မှာ သွားလုပ်မယ်ဆိုလို့ရှိ ရင် ဒီလို သေနတ်တွေဘာတွေနဲ့ ပစ်ဖောက်မယ်ဆိုတာ နန်စီပွန် ဈေးတန်းက လူတွေ တော်တော် များများ သိပြီးဖြစ်တယ်။ အဲဒီလို ပစ်ဖောက်မယ်ဆိုတာကို သိရဲ့ သားနဲ့ လူစုလူဝေးနဲ့ သွားကြတယ် ဆိုတော့ ဒါတွေက သွေးရိုးသား ရိုးမဟုတ်ဘူးလို့ ယူဆတယ်’’ဟု ၎င်း၏အမြင်ကို ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွား၍ သေ ဆုံးခဲ့သူ လေးဦး၏ နာရေးကို မေ လ ၁၈ ရက်က နန်စီပွန်ဒေသတွင် ပြုလုပ်ခဲ့သည်။
‘‘ဒီနေ့ အခြေအနေတည်ငြိမ် နေပါတယ်။ သေဆုံးသူတွေကို နန်စီပွန်မှာပဲ နာရေးသင်္ဂြိုဟ် တယ်။ စောစောကပဲ ဖုန်းရတာ’’ ဟု ခန္တီးမြို့ဒေသခံ ကိုအောင်ဆန်း မြင့်က မေလ ၁၈ ရက်တွင် ပြော ကြားသည်။
ခန္တီး ရတနာမြေအတွင်း တရားမ၀င် နေထိုင်သူများကို မေလ ၁၆ ရက်မှ ၃၀ ရက်အတွင်း ပြောင်းရွှေ့ထွက်ခွာရန် ရာဇ၀တ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၃ အား မေလ ၁၅ ရက်တွင် ခန္တီးမြို့ အုပ် ချုပ်ရေးမှူးက အမိန့်ထုတ်ပြန် ကြေညာထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment