အသက် (၉၀) နှစ်နှင့်အထက် အဘိုးအဘွားများအတွက် ထောက်ပံ့ကြေး ဇွန်လ ၁၅ ရက်တွင် စတင်ပေးအပ်မည်
အသက် (၉၀)နှစ်နှင့် အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းအ စီအစဉ်ကို ၂၀၁၇ ဇွန်လ ၁၅ ရက် တွင် ပထမဆုံးအကြိမ် စတင်ပေး အပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
လက်ရှိတွင် လူမှုရေးပင်စင် အတွက် လျှောက်ထားသည့် အ ဘိုးအဘွားပေါင်း ၃၂,၀၀၀ ကျော် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် အသက် (၉၀) နှစ်အထက်အဘိုးအဘွား များကိုယခုဘဏ္ဍာနှစ်ကစ၍ လူမှု ရေးပင်စင်တစ်လလျှင် ကျပ်တစ် သောင်းပေးအပ်ရန် သတ်မှတ် ထားရာ ဧပြီ၊ မေနှင့် ဇွန်လ ပထမသုံးလစာကို ဇွန်လ ၁၅ ရက်တွင် ပေးအပ်မည်ဖြစ်သည်။ အဆိုပါ ထောက်ပံ့ပင်စင် ကြေးပေးအပ်ရာတွင် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အထွေထွေအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောသည်။
‘‘အသက် (၉၀) ဆိုတာ ကျွန်တော်တို့နိုင်ငံမှာဆိုရင် အ သက် (၇၅) နှစ်တို့ဘာတို့စသ ဖြင့်ပေါ့ အသက်ကြီးတဲ့အထဲမှာ ပါနေတာ။ (၉၀) ဆိုတာ တကယ့် ရှားရှားပါးပါးပေါ့။ အဲဒီလို ဖြစ်နေ တဲ့အခါမျိုးမှာ ပေးရတာ။ သူတို့ ရဲ့ ဘ၀နေ၀င်ချိန်မှာ နိုင်ငံတော် ကနေ ချီးမြှင့်တဲ့ နိုင်ငံတော်ပင်စင် စားဆိုတဲ့ အဘိုးအဘွားတွေ အဖြစ် ဂုဏ်ယူရတာပေါ့’’ ဟု ဦးစိုးအောင်က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော ကလေးများအတွက် အသက် (၂) နှစ်အထိ ထောက်ပံ့ ကြေးကို ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများတွင် ယခုနှစ် ဧပြီက စတင်ပေးအပ်ခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment