စက်မှုဝန်ကြီးဌာန လျှို့ဝှက်ချက် ပေါက်ကြားသူ အရေးယူမည်
စက်မှုဝန်ကြီးဌာနအတွင်း အရာထမ်း ၂၂ ဦး အပြောင်းအရွှေ့လုပ်တာနဲ့ ပတ်သက်ပြီး အင်တာနက်စာမျက်နှာမှာ မဟုတ်မမှန် ရေးသားနေသူ "ဂိုရှယ်လေး" ဆိုသူနဲ့၊ ဝန်ကြီးဌာနရဲ့ လျှို့ဝှက်ချက် ပေါက်ကြားခဲ့သူတွေကို တရားဥပဒေအရ အရေးယူသွား မယ်လို့ စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
စက်မှုဝန်ကြီးဌာနတွင်း လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းတွေ အပြောင်းအရွှေ့လုပ်တာ ဖြစ်ပြီး၊ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားသလို မဟုတ်တဲ့အတွက် သက်ဆိုင်ရာ ကာယကံရှင်တွေ ထိခိုက်နစ်နာစေအောင် ရေးသားခဲ့တဲ့ ဂိုရှယ်လေးအပါအဝင် ပတ်သက်နေသူတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။
Aung N Htwe ဂိုရှယ်လေး အမည်နဲ့ လူမှုကွန်ရက် အသုံးပြုသူက ရေးသားရာမှာ... "စက်မှုဝန်ကြီးနှင့် ခြစားမှုအရှုပ်တော်ပုံကို ဖော်လိုက်ပြီ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဝန်ထမ်းတဦးက ရာထူးတိုးမြှင့်ပေးဖို့နဲ့၊ သူ့အထက်အရာရှိ အယောက် ၂ဝ ကို နေရာ ပြောင်းရွှေ့ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနဲ့ ဇနီးကို လာဘ်ပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ဖော်ပြထားတာပါ။
အဲ့ဒီကိစ္စမှာ ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ရဲ့ လျှို့ဝှက်စာရွက်စာတမ်း၊ အချက်အလက်တွေကို ပေါက်ကြားတာဖြစ်တာကြောင့် ပါဝင်ပတ်သက်သူတွေကို အဆင့်ဆင့်ဖော် ထုတ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment