Latest News

Wednesday, May 10, 2017

လှိုင်မြို့နယ် မြကန်သာအိမ်ယာမှ ရွှေထည်နှင့်ငွေ (၁၃၀) သိန်းကျော် ခိုးယူသူအား ပုသိမ်မြို့တွင် ဖမ်းဆီးရမိ

လှိုင်မြို့နယ် မြကန်သာအိမ်ယာမှ ရွှေထည်နှင့်ငွေ (၁၃၀) သိန်းကျော် ခိုးယူသူအား ပုသိမ်မြို့တွင် ဖမ်းဆီးရမိ


(၁၀.၅.၂၀၁၇) ရက်နေ့ (၀၉၃၀) နာရီခန့်က ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်းထံသို့ တာဝန်သိ ရွှေဆိုင်တစ်ဆိုင်၏ သတင်းပေးမှုအရ ပုသိမ်မြို့မဈေးအတွင်း မသင်္ကာဖွယ် ရွှေထည်နှင့် စိန်ထည်များ လာရောက် ရောင်းချသူ နိုင်နိုင် ၂၇ နှစ် (ဘ) ဦးမောင်စိုး ပုရွက်ဆိတ်ကုန်းရပ်ကွက် မြောက်ဥက္ကလာပမြို့နယ်နေသူအား ဖမ်းဆီးရမိပြီး ၎င်းထံမှ ရွှေထည်နှင့် စိန်ထည်ပစ္စည်း (၅) မျိုး တန်ဘိုးငွေ (၅၀)သိန်းကျော်ဘိုးခန့်အား သိမ်းဆည်းရမိခဲ့


အမှုမှာ တရားခံပုံနှင့် ရွှေထည်ပစ္စည်းများပုံအား ရန်ကုန်အနောက်ပိုင်းခရိုင် မှု/နှိမ်အဖွဲ့ခေါင်းဆောင် ရဲအုပ် ဟန်မျိုးအောင်ထံ ဆက်သွယ်အတည်ပြုခဲ့ရာ ရွှေထည်ပစ္စည်းနှင့် စိန်ထည်များမှာ လှိုင်မြို့နယ် (၅) ရပ်ကွက် မြကန်သာအိမ်ယာအတွင်းရှိ နေအိမ်တစ်အိမ်မှ (၂၃.၄.၂၀၁၇) ရက်နေ့က ပျောက်ဆုံးခဲ့သော ပစ္စည်းများဖြစ်ကြောင်းနှင့် ယင်းအမှုအား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၁၈၂/၁၇ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စုံစမ်းနေသော အမှုဖြစ်ကြောင်း သိရှိရပြီး တရားခံနှင့် ပတ်သက်သည့် ကွင်းဆက်များ ဖမ်းဆီးပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့

ပုသိမ်မြို့မရဲစခန်းမှ ဖမ်းဆီးသိမ်းဆည်းထားသော တရားခံ နှင့် သက်သေခံပစ္စည်း ရွှေထည်နှင့် စိန်ထည်များအား ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲအုပ် အောင်ကြိုင်မှ ၁၀.၅.၂၀၁၇ ရက်နေ့ ၁၉၃၀ အချိန် လာရောက်လွှဲပြောင်း
ထုတ်ယူသွားခဲ့

ရန်ကုန်မြို့မှ ပျောက်ဆုံးသော ပစ္စည်းပိုင်ရှင်ကိုယ်စား ပုသိမ်
မြို့မရဲစခန်းမှ ဝမ်းသာပိတိဖြစ်ရပါသည်

Zaw Min Tun

No comments:

Post a Comment