Latest News

Friday, May 12, 2017

ခန္တီးတွင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီး သုံးလအတွင်း ပျက်စီးခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါသထွက်

ခန္တီးတွင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီး သုံးလအတွင်း ပျက်စီးခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါသထွက်

ခန္တီးမြို့ အောင်သာရပ်ကွက်နှင့် သာစည်ကျေးရွာတို့သို့ ချိတ် ဆက်ဖောက်လုပ်ထားသည့်လမ်း ပိုင်းသည် ဖောက်လုပ်ပြီးသုံးလအ တွင်း လမ်းပျက်စီးမှုများမြင်တွေ့ ရသဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဒေါက်တာ မြင့် နိုင်ဒေါသထွက်ခဲ့၍ တာဝန်ရှိသူ များကို ပြန်လည်ပြုပြင်ရန်ပြော ကြားခဲ့သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်နှင့်အဖွဲ့က မေလ ၁၁ ရက် ကခန္တီးတွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစဉ် လမ်းပျက်စီးမှုများ မြင်တွေ့ခဲ့ရ၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

‘‘ဘယ်သူလက်မှတ်ထိုးပေး တာလဲ။ ဒီဟာပြီးစီးကြောင်း၊ ကောင်းမွန်ကြောင်း လက်မှတ် ဘယ်သူထိုးတာလဲ။ လက်ခံတာ ဘယ်သူလက်ခံတာလဲ။ မင်းတို့ စစ်သလား။ စစ်ရင်ဒီလိုဖြစ်မ လား။ အဲဒီလိုစစ်ပြီးရင်တော့မင်း နှမ်းဖြူးတာတော့ သိရမှာပေါ့ကွ။ နောက်တော့ ငါတို့ခေါင်းပေါ် ချည်းလာတာ။ စစ်သေချာ၊ ဘာ အကြောင်းပြချက်တွေမှ မပေးနဲ့။ ဒီလမ်း ၁၂ ဘီးကားတွေဝင်လို့ ပျက်တာဆိုရင် မင်းတို့လမ်းက ကားမမောင်းဘဲ လမ်းလျှောက် သွားရမှာလား’’ဟု ဒေါက်တာမြင့် နိုင်က အဆိုပါလမ်းပေါ်တွင်တာ ဝန်ရှိသူမြို့နယ်စည်ပင်နှင့်အင် ဂျင်နီယာအဖွဲ့များကို ပြောဆိုခဲ့ သည်။

‘‘အရင်က မြေသားလမ်းပါ။ မြေသားလမ်းကိုမှ အောက်မှာ မြေ သားတွေဘာတွေ မဖြည့်ဘဲကတ္တ ရာလမ်းကိုးလက်မပေါ့။ ကျောက် ထုထည် ခြောက်လက်မနဲ့ အပေါ် သုံးလက်မ၊ ကိုးလက်မတင်လိုက် တာ။ ရေကြီးလာတဲ့အချိန်မှာ လမ်းကအောက် ထဲကိုကျသွားပြီးဗွက်အိုင်အကြီး ကြီးတွေဖြစ်သွား တာ။ ဘတ်ဂျက်က မြေသားတင် ဒါမပါတဲ့အတွက် ဗွက်အိုင်ကြီး တွေမြေဖြည့်မယ်။ မြေဖြည့်ပြီး ခင်းမယ်ဆိုပြီးလုပ်ထားတာ’’ဟု ခန္တီးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အင်ဂျင်နီယာတစ်ဦးက ဝန်ကြီးချုပ်ကို ပြန်လည်ရှင်းပြခဲ့ သည်။

‘‘မိုးမလာ ရေမလာသေးပါ ဘူး။ ၁၂ ဘီးကားလာလာ၊ မလာ လာ ၁၂ ဘီးကားလောက်တော့ခံရ မှာပေါ့။ အဲဒီလောက်မှမခံရင် တော့ လူပဲဖြတ်ရမှာလား။ ကျွန် တော်ကိုယ်တိုင်လိုက်ဆင်းမှာ၊ အ ကုန်လိုက်စစ်မှာ။  ပြည်သူကိုမျက် မှာမူပါ။ လုပ်ပြီးတော့တိုင်းပြည် ဘဏ္ဍာအလကား။ နောက်ထပ် ထပ်လုပ်၊ထပ်ထပ်လုပ်တိုင်းပြည် က မွဲသထက်မွဲဖြစ်မှာပါ။ ဒါကတ္တ ရာလမ်းလို့ပြောမှာလား (ပျက်စီး နေသောလမ်းကိုညွှန်ပြ၍) မလုပ် နိုင်ရင်တင်ပြလေ။ ငွေနဲ့လုပ်ရ မယ့်လမ်းနဲ့ မကိုက်ရင်ပြောလေ။ အစောကတည်းကပြောလေ။ မင်း တို့ဟိုအကြောင်းပြ၊ ဒီအကြောင်း ပြ မပြကြနဲ့လေ။ ဒါကတ္တရာလမ်း  လား မင်းတို့ကြည့်ဦး’’ဟုဝန်ကြီး ချုပ်က ဒေါသတကြီး ပြောကြားခဲ့သည်။ ထိုသို့ပြောကြားသည့် ရုပ် သံဖိုင် ဖေ့စ်ဘွတ်ခ်ပေါ်သို့ တက် လာပြီးနောက် ပြည်သူအများစုက သဘောကျပြီး အချို့ကမူ ထိုကဲ့သို့ ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ ပိုမိုယဉ်ကျေးစွာပြောသင့်သည် ဟု ထောက်ပြမှုရှိသည်။

ပေ၆၆၀ အရှည်ရှိ အဆိုပါကားလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာ နှစ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေ ဖြင့်ကျပ် ၁၀၃ သိန်း အကုန်အကျခံ ပြုပြင်ခဲ့သည်။ ထိုကဲ့သို့ လမ်းအရည်အသွေးမပြည့်မီသည့်အတွက် မြို့နယ် စည်ပင်က မေ လ ၂၀ရက်နောက်ဆုံးထားပြန်ပြင်ရမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment