Latest News

Tuesday, May 9, 2017

ရွှေတိဂုံစေတီ နိုင်ငံခြားသားဧည့်ဝင်ကြေး ဇွန်လ ၁ ရက်ကစ၍ ၂,၀၀၀ ကျပ် တိုးကောက်မည်

ရွှေတိဂုံစေတီ နိုင်ငံခြားသားဧည့်ဝင်ကြေး ဇွန်လ ၁ ရက်ကစ၍ ၂,၀၀၀ ကျပ် တိုးကောက်မည်

 ရွှေတိဂုံစေတီတော် တွင် နိုင်ငံခြားသားဧည့်ဝင်ကြေး ကို ဇွန်လ ၁ ရက်ကစတင်၍ ယ ခင်ကောက်ခံမှုနှုန်းထားထက် ကျပ်နှစ်ထောင် တိုးကောက်ခံမည်ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဒုတိယရုံးအဖွဲ့မှူးဦးဝင်း ကြိုင်က ပြောသည်။

ယခင်က နိုင်ငံခြားသား တစ်ဦးလျှင် ရှစ်ထောင်ကျပ် ကောက်ခံနေရာမှ ယခုအခါ ကျပ် တစ်သောင်းနှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

၂၀၁၄ က စတင်ကာ ကန် ဒေါ်လာရှစ်ဒေါ်လာ (သို့မဟုတ်) မြန်မာငွေ ရှစ်ထောင်ကျပ် ကောက်ခံနေရာမှ ငွေကြေးပြန်အမ်းရသည့် အဆင်မပြေမှုများ အပါအ၀င် အခြားအခက်အခဲများကြောင့် တစ်သောင်းကျပ်သို့ တိုးမြှင့်ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။

‘‘နိုင်ငံခြားသားအများစုက ငွေလဲလာရင် ငါးထောင်တန်၊ တစ်သောင်းတန်တွေပဲ များ တယ်။ အဲဒါကြောင့် ရှစ်ထောင် ပေးတဲ့အခါမှာ ပြန်အမ်းဖို့ ငွေ မလုံလောက်တာတွေ၊ ပြန်အမ်း ဖို့အတွက် ၀န်ထမ်းရဲ့ လက်ဝယ် မှာ ငွေကိုင်ထားရတဲ့အတွက် ရှုပ် ထွေးမှုတွေ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ဒီဧည့်ဝင်ကြေး တွေကို ၀န်ထမ်းက လက်ဝယ် မကိုင်ထားဘဲ ပုံးထဲထည့်တဲ့စနစ် ကို ကျင့်သုံးမှာဖြစ်တဲ့အတွက် ရှစ် ထောင်ဆို ပြန်အမ်းရတာ အဆင် မပြေဘူး’’ ဟု ၎င်းက ပြောသည်။

ထို့သို့ တိုးမြှင့်ကောက်ခံရာ တွင် အိမ်နီးချင်းနိုင်ငံများရှိ မြဘု ရား၊ အန်ကောဝပ်၊ သီရိလင်္ကာ စွယ်တော်တိုက် စသည့်နေရာများ ရှိ ၀င်ကြေးများနှင့် ချိန်ညှိကာ ယင်းဝင်ကြေးများထက် မများ သည့်နှုန်းထားဖြင့် တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်ဟု ဆို သည်။

ဘန်ကောက်မြို့ရှိ နိုင်ငံခြား သားခရီးသွားဧည့်သည်များ သွား ရောက်လည်ပတ်ရာ မြဘုရား တွင် နိုင်ငံခြားသားတစ်ဦးလျှင် ၀င်ကြေးငွေ ဘတ်ငါးရာ(ကျပ်နှစ် သောင်းခန့်)၊ ကမ္ဘောဒီးယားနိုင်ငံ ရှိ အန်ကောဝပ်ဘုရားကျောင်း၌ နိုင်ငံခြားသားတစ်ဦးလျှင်  ၀င် ကြေးငွေ ကန်ဒေါ်လာ ၂၀ ခန့် (ကျပ်နှစ် သောင်းခုနစ်ထောင်ခန့်) ပေးဆောင်ရကြောင်း ယင်းနေရာ များသို့ သွားရောက်ခဲ့ဖူးသူများက ပြောသည်။

ရွှေတိဂုံ စေတီတော်သို့ ၂၀၁၆ အတွင်း နိုင်ငံခြားသား ဧည့်သည် ခြောက်သိန်းကျော်လာ ရောက်ခဲ့ပြီး ၀င်ကြေးငွေအဖြစ် ကန်ဒေါ်လာတစ်ထောင့်ခုနစ်ရာ ကျော်၊ မြန်မာကျပ်ငွေ ငါးဘီလီ ယံခန့်ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ စာရင်းများတွင် ဖော်ပြထား သည်။


7Day News Journal

No comments:

Post a Comment