အသက် (၆) နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်းတွင် စတင်သင်ကြားခွင့်ပြုမည်
ပထမတန်း သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားပို့ချ မည့် လာမည့်ပညာသင်နှစ်တွင် အသက် (၆)နှစ်ပြည့်ပြီးသော ကလေးငယ်များကို လက်ခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲက ပြောသည်။
အမျိုးသားပညာရေးဥပဒေ အရ အသက် (၅)နှစ်ပြည့်ပြီးသော ကလေးများကို မူလတန်းတွင် ပ ညာသင်ယူစေပြီး အသက် (၆)နှစ်ပြည့်ပြီးသော ကလေးများကိုပထမ တန်း၌ စတင်တက်ရောက် ပညာ သင်ယူရန် သတ်မှတ်ထားသည်။
‘‘ငါးနှစ်ပြည့်ပြီးတဲ့ ကလေး တွေကို အမျိုးသားပညာရေး ဥပ ဒေအရ မူလတန်းမှာ ထားရမယ်။ (၆)နှစ်ပြည့်တဲ့သူက ပထမတန်း မှာ စတင်တက်ရမယ်။ အဲဒီလို အ မျိုးသားပညာရေးဥပဒေမှာ ဆို ထားပါတယ်’’ဟု ဒေါက်တာခိုင် မြဲက ပြောသည်။
အသက် (၆)နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်းတွင် စတင်ပညာသင်ကြားခွင့်ပြုလိုက် ၍ မူလတန်းမတက်ရောက်ခဲ့သော ကလေးများ ပထမတန်း၌ တက်ရောက်ခွင့်ရရှိမည့် အခြေအနေရှိ နေခြင်းဖြစ်သည်။
‘‘ကျောင်းသားမိဘတွေက မူ လတန်းမအပ်တော့ဘဲ ပထမတန်း မှာ တိုက်ရိုက်ကျောင်းအပ်လိုက် ရင် ကလေးအတွက် လိုအပ်တဲ့ ဖွံ့ ဖြိုးမှု၊ အထောက်အကူပြုမှုတွေ မရတော့ဘူးပေါ့။ တစ်ဖက်က ကြည့်ရင်တော့ အခက်အခဲရှိလို့ အသက်ကြီးသွားတဲ့ ကလေးတွေ အတွက် အခွင့်အရေးတစ်ခု ရနိုင် တာပေါ့’’ ဟု ရန်ကုန်မြို့ရှိ အခြေခံ ပညာ ကျောင်းတစ်ခုမှ မူလတန်း ပြဆရာမ ဒေါ်လှရည်က ပြော ကြားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment