Latest News

Saturday, May 13, 2017

အချိန်မီအိမ်ပြန်မလာလို့ ဇနီးကလင်ဖြစ်သူကို ဓားဖြင့်ထိုးသတ်လိုက်တာပါတဲ့

အချိန်မီအိမ်ပြန်မလာလို့ ဇနီးကလင်ဖြစ်သူကို ဓားဖြင့်ထိုးသတ်လိုက်တာပါတဲ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာတွင် ယောကျာ်းဖြစ်သူကို မိန်းမဖြစ်သူက အချိန်မီအိမ်ပြန်မရောက်သည့် အကြောင်းပြချက်ဖြင့် ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ၆-၅-၂၀၁၇ ရက် နေ့လယ် ၁ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာတွင် နေထိုင်သူ ကိုသိန်းထွန်း (ခ) အဒစ်သည် ညီမဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေစဉ် တ၀ိုင်းတည်း  အိမ်ချင်းကပ်ရပ်နေအိမ်မှ ညီဖြစ်သူ ရှရစ်ထံမှ ''ငါ့အစ်ကို ငါ့ညီမလေးတွေ ငါ့ကို လာကြည့်ကြပါဦး၊ ငါ့ကို ငါ့မိန်းမ ကပ်ဘီက ဓားနဲ့ထိုးလို့ သေတော့မယ်'' ဟု အော်သံကြားခဲ့ရပြီး ၎င်း၏ မိန်းမ ကပ်ဘီထံမှလည်း ''ငါ့ ယောကျာ်းငါ ဓားနဲ့ထိုးသတ်တယ်၊ သတ္တိရှိတဲ့သူလာခဲ့၊ အကုန်သတ်မယ်''ဟု အော်သံကြားကြောင်း၊ ထို့နောက် ကိုသိန်းထွန်းက တာဝန်ရှိသူများ ကို သွားရောက်ခေါ်ယူ၍ အခင်းဖြစ် နေရာသို့ သွားရောက်ကြည့်ရှုရာ ရှရစ်မှာ ၀ဲဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ ၀ဲဘက် ရင်ဘတ် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ပြစ်မှုကျူးလွန်သူ ကပ်ဘီကို ကနဦး စစ်ဆေးချက်အရ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သည့် ရှရစ်အချိန်မီအိမ်ပြန် မရောက်ခြင်းကြောင့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ဆိုထားပြီး ကျောက် ဆည်မြို့မရဲစခန်းက အမှုကြီးအမှတ် (ပ)၃၉၀/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက ပြောကြားသည်။

မြခေါင်(ကျောက်ဆည်)News Watch

No comments:

Post a Comment