Latest News

Thursday, May 11, 2017

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်မတိုင်မီ မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တရုတ်နိုင်ငံ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်မတိုင်မီ မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တရုတ်နိုင်ငံ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ပိုးလမ်းမပွဲ ခရီးစဉ်မတိုင်မီ မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Sun Guoxiang ဆွန်ကောချန်း တို့နှင့် တွေ့ဆုံကြောင်း တရုတ်-မြန်မာအရေး လေ့လာသူများထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကြာခင်ရက်ပိုင်းတွင် တရုတ်နိုင်ငံတွင် ကျင်းပမည့် ခေတ်သစ် ပိုးလမ်း မကြီး အစည်းအဝေးသို့ တက်ရောက်ရန်ရှိပြီး အဆိုပါ အစည်းအဝေး မတိုင်မီ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည့် AA၊ KIA၊ TNLA၊ MNDAA တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“ဟုတ်ကဲ့…ဒီနေ့တွေ့ဖြစ်မလား၊ မနေ့က တွေ့ဖြစ် သလားတော့ အဲ့ဒါတော့ မပြောတတ်ဘူး။ တက်တာက တက်သွားပြီ။ သူတို့နဲ့ အဆက်အသွယ် မရသေးဘူး။ တမြန်နေ့က တက်သွားကြတာ။ ကူမင်းမှာ ဖြစ်တယ်။ အရင်တွေ့နေကြနေရာမှာ ဖြစ်တယ်”ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များနှင့် မစ္စတာစွန်းကော့ချန်းတို့သည့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ World Trade Center တွင် တတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ခြင်းများ ရှိသည်။

ထိုသို့တွေ့ဆုံစဉ်က မြန်မာပြည် မြောက်ပိုင်း၌ ဖြစ်ပွားနေသော ပဋိပက္ခများ၊ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများ၊ တိုက်ပွဲ အရှိန်လျော့ချရေး၊ ၂၁- ရာစုပင်လုံကိစ္စ၊ NCA ၊ ပန်ခမ်း တတိယအကြိမ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သော အကြောင်းအရာများ အပါအဝင် အခြားသော အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၏ သတင်းဖော်ပြချက်များအရ သိရသည်။

မြန်မာတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့အကြား ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲ များကြောင့် ဒေသခံပြည်သူများ အများအပြား သေဆုံးဒဏ်ရာ ရခြင်းများ ရှိသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် ဖြစ်ပွားခြင်းဖြစ် သည့် အတွက် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ရှိရေးအတွက် တရုတ်ဘက်မှ နှစ်ဖက်အဖွဲ့များ တွေ့ဆုံညှိနှိုင်း နိုင်ရေး အကြိမ်ကြိမ် လုပ်ဆောင် ပေးခဲ့သော်လည်း အလွတ်သဘော တွေ့ဆုံမှုများ ပင် မရှိခဲ့ကြောင်း တရုတ်-မြန်မာအရေး လေ့လာသူများကဆိုသည်။

The Ladies News

No comments:

Post a Comment