Latest News

Wednesday, May 17, 2017

လွတ်လပ်စွာ ဖေါ်ပြခွင့် ဆုံးရှုံးလာနေရပြီလော

လွတ်လပ်စွာ ဖေါ်ပြခွင့် ဆုံးရှုံးလာနေရပြီလော


မနေ့ နေ့ လည်က ရန်ကုန် ရှိ ပတ်ရွိုင်ရွယ် ဟိုတယ်သို့
အထူး ဖိတ်ကြားခံရသူ များ နှင့် သတင်းထောက်များ တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။

လာရောက်ရတဲ့ အကြောင်းရင်းကတော့ လန်ဒန်မှာ အခြေစိုက်တဲ့ Global Witness အဖွဲ့ ကြီးမှ ၎င်းတို့
၏ မှတ်တမ်းတင် ရိုက်ကူးထားသော Jade and the Generals" လို့ အမည်ပေးထားတဲ့ သတင်း မှတ်တမ်း
တင် ရုပ်ရှင်ကို ကြည့်ရှု့ ရန် ဖိတ်ခေါ်ထားသော
ကြောင့် ဖြစ်ပါတယ်။ (ယခုအခါ အွန်လိုင်းတွင် ကြည့်ရှု့ နိုင်ဟု သိရ)

အဆိုပါ အဖွဲ့အစည်းကြီးမှ ၂၀၁၅ ခုနှစ် ရွေးကောက်
ပွဲ မတိုင်မီကာလ က နိုင်ငံတွင်းရှိ ကျောက်စိမ်း ရောင်း
ဝယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၃၁ ဘီလီယံ ခန့် ရရှိနေပြီး ယင်းသို့ တိုင်းပြည်တွင်းရှိ အမျိုးသား ထုတ်
ကုန်စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသော ပမာဏကို
စစ်ဖက်ဆိုင်ရာ မိသားစုဝင်များ၊ မူးယစ်ရာဇာ
များ နှင့် ၎င်းတို့နှင့် ဆက်နွယ်နေသော ကုမ္ပဏီများ
ကသာ ခံစားနေကြကြောင်းကို အချက်အလက် ဝေ
ဝေ ဆာဆာ နှင့် ကမ္ဘာသိ ထုတ်ပြန်ခဲ့သော အသင်း
ကြီး ဖြစ်နေပြန်၍ လည်း စိတ်ဝင်တစားကြည့်ရှုရန်
ရောက်ရှိလာကြခြင်း ဖြစ်ပါတယ်။

သို့သော် ရောက်ရှိလာသူများ အဖို့ လာရောက်ရကျိုး မနပ်ခဲ့ရရှာပေ။ ဟိုတယ် တာဝန်ခံများက အဆိုပါ ရုပ်ရှင် ပြသရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း
နဲ့ ထိုသို့ ပြသနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြု ချက် လိုအပ်နေကြောင်းသာ ပြောဆိုခဲ့ကြ
ပါတယ်။

လာရောက်သူများက မည်သည့်စည်းမျဉ်း ဥပဒေ များကြောင့် ယခုလို ခွင့်ပြု ချက် လိုအပ်ပေသနည်း။ တစုံတယောက် အဖွဲ့ အစည်းတခုခု ကများ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အမည်ကို သုံး၍ ခြိမ်းခြောက်ခဲ့ကြလေသနည်းဟု သို့လော သို့လော ဖြစ်လာ ခဲ့
ကြပါတယ်။

ဖြစ်စရာ အကြောင်းများကလည်း ရှိနေပေသည်။
ထိုနေ့ မနက်ကပင် စစ်ကိုင်းတိုင်း ခမ္မတီး မြို့ နယ်
အတွင်းရှိ ဦးပိုင် မှ လုပ်ကိုင်နေသော ကျောက်စိမ်း
တွင်းများအတွက် အစောင့်ချထားသော တပ်မတော်
သားများက အကြွေင်းအကျန် များကို လာရောက်
ရှာဖွေ ကြသော လူများကို ပြစ်ခတ်ခဲ့ရာ လေးဦး သေ
ဆုံးပြီး ခုနှစ်ဦး ဒဏ်ရာ ရရှိ သွားခဲ့သည် ဆိုသော
သတင်းဆိုးကြီးအားလည်း ကြားထားခဲ့ကြပြီး ဖြစ်
သောကြောင်ပင်။

ထိုသို့ စိတ်ပျက်လက်ပျက်နှင့် ပြန်သွားကြရရှာသော
သတင်းသမားများက ၎င်းတို့ ရရှိထားသော မဆိုသ
လောက်သာ ရှိသည့် လွတ်လပ်စွာ ထုတ်ဖေါ်ရေး
သားခွင့်ကို အပြီးအပိုင် ဖုတ်သွင်း မီးသင်္ဂြုလ် ပြစ်ရန် ထပ်မံ
ကြံစည်လာကြသည့် သတင်းဆိုးကြီးအားလည်း သိရှိလာခဲ့ရပြန်ပါတယ်။

၎င်းတို့ အဖွဲ့ အစည်းကြီးအား တနိုင်ငံလုံးမှ အထွတ်
အမြတ် ရိုသေ ခန့်ညားစေလိုသော တပ်မတော်မှ The Voice Daily သတင်းစာ အယ်ဒီတာချူပ် နှင့်
ဆောင်းပါးရှင် ဗြိတိသျ ကိုကိုမောင်တို့ အား ပုဒ်မ ၆၆ (ဃ) ကြီး နဲ့ တရားစွဲဆိုလိုက် ခြင်းပင် ဖြစ်ပါတယ်။

ဗြိတိသျ ကိုကိုမောင်မှ "ကျည်ထောင်စု သစ္စာ" ဟူ
သော ခေါင်းစဉ်ဖြင့် တပ်မတော်အရာရှိကြီးများ က
နောက်တန်း တွင် ဇိမ်ကျနေသလောက် ရှေ့တန်းတွင်
ရဲဘော်များက ရန်သူများကို အသက်ပေါင်းများစွာ
စတေးပြီုးတိုကိနေကြရကြောင်း၊ ၎င်းတို့ စိတ်လို
လက်ရ ရှိသည့် အခါမျိုးတွင် ရန်သူဟု သတ်မှတ်
ထားသူများနှင့် ငြိမ်းချမ်းရေး ဆိုကာ ဖင်ပုတ် ခေါင်း
ပုတ် လုပ်လေ့ရှိသည် ဆိုကာ ရေးသားထားခဲ့ခြင်း
ကြောင့် ဖြစ်ပါတယ်။

ထိုအပြင် မကြာမီက အာဏာရ ပါတီကြီးမှ ထိတ်တန်း
ခေါင်းဆောင် တဦးကိုပင် ၎င်းတို့၏ အဖွဲ့ အစည်းကို
သံသယစာရင်းတွင် ထည့်သွင်း ပြောဆိုသည် ဆို
ကာ လူသိရှင်ကြား ပြစ်တင် ခြိမ်းခြောက် ခဲ့ပြန်ပါတယ်။

ဤမျ တင် မကသေး။ ဒီမိုကရေစီ လူ့ အဖွဲ့ အစည်းနှင့် လျော်ညီစွာ လွတ်လပ်စွာ ဝေဖန် ထောက်ပြခွင့်ကို
ရိုက်ချိုး ချေဖျက်ရန် ကြံစည်မှုကြီးတခုက တွေ့လာခဲ့ရ
ပြန်ပါတယ်။ အခြားတော့ မဟုတ်ပေ။ မဘသ
အဖွဲ့ကြီး မှ ရန်ကုန်.ဆင်ထြေဖုံး ရပ်ကွက်များ ရှိ ဘာသာခြား
များ၏ စာသင်ကျောင်းများနှင့် လူနေအိမ် များကို အုပ်စု
ဖွဲ့ ၀င်ရောက် ရမ်းကားသူများသည် ၎င်းတို့နှင့် မသက်
ဆိုင်ကြောင်း.ယခု အချိန်မှစ၍ မိမိတို့ အဖွဲ့ကြီးအား
စွပ်စွဲပြောဆိုလာသူ မည်သူ့ ကို မဆို ဥပဒေ ကြောင်း
အရ အရေးယူ သွားမည်လို့ ပြောဆိုလာကြခြင်းပင်
ဖြစ်ပါတယ်။

၎င်းတို့မှ အဆိုပါ ဖြစ်ရပ်များအပေါ်.သင်ခန်းစာယူ၍
သံဃာတော်များ လုံးဝ မပါဝင်ပဲ အရပ်သားများသာ
အဖွဲ့ဝင် အဖြစ် ပါဝင်စေမည့် ဓမ္မ ၀ံသာနု ရက္ခိတ
အသင်းကြီးကို ဖွဲ့စည်း လိုက်ကြပြန်ပါတယ်။

 ယင်း ဖြစ်စဉ်များက ဒီမိုကရေစီ လူ့ဘောင်၏ အဓိက သွင်ပြင် လက္ခဏ ဖြစ်သော လွတ်လပ်စွာ
ဝေဖန် ထောက်ပြခွင့်ကို တားဆီးပိတ်ပင်ရန် ယခု အချိန်အထိ ဖျက်သိမ်
ခြင်း မပြုနိုင်သေးသည့် ယခင် စစ်အစိုးရ အုပ်ချူပ်မှု အောက်တွင် မရေမရာ
တိတိကျကျ လည်း ရည်ညွန်းထားခြင်း မရှိ ပြဌာန်းခဲ့
သော ဆက်သွယ်ရေး ပုဒ်မ များကို ရှေ့လျောက်
တဖက် နှင့် တဖက် အပြိုင်အဆိုင် သုံးလာကြခြင်း
ဖြင့် ရင်ကြားစေ့မလာသည့်အပြင် တိုင်းပြည်တွင် ဖြစ်ပေါ်လာနေသောအကွဲ အပြဲ
များကို နက်ရှိုင်းသည်ထက် နက်ရှိုင်းလာဖို့သာ တွေ့
မြင်နေရပါတယ်။

သို့အတွက် လူအခွင့်အရေး အဖွဲံ့ များက မဖျက်သိမ်း
နိုင်သေးမီ ထိုပုဒ်မ နှင့် တရားစွဲ ခံရသူ မည်သူကိုမဆို
လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု သမ္မတကြီးမှ ကြေငြာ သင့်
ကြောင်းပင် အကြံပြု ပြောဆိုမှုများ ရှိလာနေတာ တွေ့ရပါတယ်။

HSW

No comments:

Post a Comment