တီလာဆန်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြောက်ကိုရီးယား အရေး ဆွေးနွေး
ဝါရှင်တန် မေ ၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်က အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအား မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးရာတွင် ပိုမိုပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
တီလာဆန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မေ ၄ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံခဲ့သည်။
တီလာဆန်က အမေရိကန်နှင့် အာဆီယံနိုင်ငံများကြား မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှုကို အလေးထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဝန်ကြီးများက မြောက်ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမလဲဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝအကောင်အထည် ဖော်ဆောင်ရွက်ရန် ဝန်ကြီးများက အတည်ပြုခဲ့ကြသည်ဟု သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိကြသည်။ တီလာဆန်က အာဆီယံနိုင်ငံများအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်ဟု ယူဆရသည်။
ပြည်ပနိုင်ငံများသို့ စေလွှတ်ထားသည့် မြောက်ကိုရီးယား သံတမန်များသည် သံတမန်အခွင့်အရေး ကိုအသုံးချပြီး ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရှာကာ ခိုင်မာအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားသည်။ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment