Latest News

Saturday, May 6, 2017

ထပ်မံတည်ဆောက်မည့် မွန်ပြည်နယ်ရှိ တံတားနှစ်စင်းကို ဒေသအမည်သာပေးမည်ဟု မွန်ဝန်ကြီးချုပ်ပြော


ထပ်မံတည်ဆောက်မည့် မွန်ပြည်နယ်ရှိ တံတားနှစ်စင်းကို ဒေသအမည်သာပေးမည်ဟု မွန်ဝန်ကြီးချုပ်ပြော


မော်လမြိုင်၊ မေ ၇

လက်ရှိအစိုးရမူအရ အရှည်ဆုံးတံတား(တံတားကြီးအမျိုးအစား)များကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းဖြစ် ပြီး မွန်ပြည်နယ်အတွင်း ထပ်မံတည်ဆောက်မည့် တံတားနှစ်စင်းကိုမူ ဒေသအမည်သာပေးသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

“နောက်ထပ်တံတားတွေဆောက်ဦးမယ်။ အတ္ထရံမြစ်ကိုဖြတ်မယ့်တံတားနှစ်စင်း။ အဲဒီတံတားတွေကိုတော့ ဒေသအမည်ပေးမယ်။ လက်ရှိအစိုးရရဲ့မူပေါ့။ အရှည်ဆုံးတံတားတွေကို ဗိုလ်ချုပ်အမည်တပ်မယ်။ ဒုတိယ အဆင့်တံတားတွေကိုတော့ ဒေသအမည်တပ်မယ်”ဟု ၎င်းက ထပ်မံပြောဆိုသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင်စတင်တည်ဆောက်ခဲ့သော ယင်းတံတားကို ကနဦးက သံလွင်တံတား (ချောင်းဆုံ)ဟု အမည်ပေးထားရာမှ ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပြောင်းလဲခဲ့သဖြင့် ချောင်းဆုံနှင့် မော်လမြိုင်တို့တွင် ဒေသခံသောင်းနှင့်ချီ၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဧပြီ ၂၆ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူကျွန်း)အမည်ဖြင့် တရားဝင်ဆိုင်းဘုတ်တင်ခဲ့ပြီး ယာဉ်များ ကို ယာယီဖြတ်သန်းခွင့်ပေးခဲ့သည်။

မော်လမြိုင်ဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်းရှိ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားသော အဆိုပါ တံတားသည် အရှည်ပေ ၅၂၀၃ဒသမ၄ ပေ၊ အကျယ် ၂၈ပေရှိကာ သံမဏိသံပေါင် ခုံးတံတား အမျိုးအစားဖြစ်ပြီး မော်လမြိုင်ဘက်ချည်းကပ်လမ်း ၇၅၇ ပေ နှင့် ဘီလူးကျွန်းဘက်ချည်းကပ်လမ်းအရှည် ၁၆၉၈၀ ပေရှိသည်။

ယင်းတံတားကို ကျပ်သန်းပေါင်း ၆၀၀၅၇ဒသမ၄၁ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၉ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ပါသည်။

(စံတော်ချိန်သတင်း)

No comments:

Post a Comment