Latest News

Thursday, May 4, 2017

၅၀ ကျပ်ဖြင့် ကုန်ပစ္စည်းများ မဲနှိုက်ရောင်းချမှု နယ်မြို့များတွင် ခေတ်စားနေ

၅၀ ကျပ်ဖြင့် ကုန်ပစ္စည်းများ မဲနှိုက်ရောင်းချမှု နယ်မြို့များတွင် ခေတ်စားနေ

 ခေါက်ဆွဲခြောက်ထုပ် မှ လျှပ်စစ်ထမင်းပေါင်းအိုးအထိ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို မဲတစ်မဲလျှင် ၅၀ ကျပ်ဖြင့် နံပါတ်တူတိုက် ကံ စမ်းမဲစနစ်ဖြင့် မဲရောင်းချမှုများ မကွေးနှင့် ပဲခူးတိုင်းရှိ နယ်မြို့များ တွင် ခေတ်စားလာကြောင်း ဒေသခံများက ပြောသည်။

မဲကံစမ်းကတ်ပြားများကို ရပ်ကွက်များရှိ  အိမ်ဆိုင်(ကုန်စုံ ဆိုင်ငယ်များ)နှင့် ကွမ်းယာဆိုင် များ၊ စတိုးဆိုင်များတွင် အများ ဆုံးရောင်းချနေပြီး ၅၀ တန်ကံ စမ်းလက်မှတ်တွင် ပါဝင်သော နံ ပါတ်နှင့် ကတ်ပြား၌ ချိတ်ဆွဲ ပြသထားသော လူသုံးကုန်ပစ္စည်း များ၏ နံပါတ်များတူညီပါက အဆိုပါပစ္စည်းကို ရရှိသောပုံစံ ဖြင့် ကံစမ်းရခြင်းဖြစ်ကြောင်း အောင်လံမြို့ခံ တစ်ဦးက ပြော ကြားသည်။

‘‘ကံစမ်းမဲပြားတွေက လုပ် သူက ဆိုင်မှာလာထားပေးတာပါ။ မဲပြားတွေရော၊ ပေါက်မဲပစ္စည်း တွေရော လာထားပေးတာ။ မဲ ရောင်းရမှ ကော်မရှင်ပုံစံမျိုး ဆိုင် ရှင်ကို ငွေတစ်ထောင်ရောင်းရရင် တစ်ရာ့ငါးဆယ်ကျပ်နှုန်းပြန်ပေး တယ်။ ပေါက်မဲတွေကတော့ အနည်းဆုံးနှစ်ရာတန်ခေါက်ဆွဲ ခြောက်ထုပ်လို ပစ္စည်းကစပြီး တစ်သောင်းကျော်တဲ့ ပေါင်းအိုး လို၊ လျှပ်စစ်မီးဖိုလို ပစ္စည်းတွေ ဖောက်ပေးတာပါ’’ ဟု အင်းမမြို့ မှ ဒေသခံတစ်ဦးက ပြောသည်။

မဲကတ်တစ်စုံလျှင် ၅၀ ကျပ်တန်မဲပြားပေါင်း ၁,၅၀၀ ပါ ၀င်၍ အနည်းဆုံးငွေလေးသောင်း ကျပ်ရရှိအောင် ရောင်းချပေးရ ကြောင်း ပြည်မြို့နယ် န၀င်းရပ် ကွက်မှ ဒေသခံတစ်ဦးက ပြော ကြားသည်။

မဲကတ်တစ်စုံလျှင် ပေါက်မဲ ပစ္စည်း ၄၀ ပါဝင်၍ ပေါင်းအိုး၊ အသားကင်စက်၊ ဖျော်ရည်စက် စသော ကျပ်တစ်သောင်းကျော် တန်မဲသုံးမျိုး၊ မီးပူ၊ စတီးချိုင့်စ သော ကျပ်ငါးထောင်ဝန်းကျင် တန် မဲပစ္စည်းလေးမျိုးခန့်နှင့် ကော်ဖီမစ်၊ အချိုရည်ဘူး၊ ဆပ် ပြာစသော ကျပ်နှစ်ရာဝန်းကျင် တန်ပစ္စည်းများ ပါဝင်ကြောင်း အောင်လံမြို့ခံတစ်ဦးက ပြော Mum;သည်။

7Day News Journal

No comments:

Post a Comment