Latest News

Sunday, May 28, 2017

၂၁ ပင်လုံဆွေးနွေးပွဲတွင် အချက်၃၃ ချက် သဘောတူညီမှူရရှိ

၂၁ ပင်လုံဆွေးနွေးပွဲတွင် အချက်၃၃ ချက် သဘောတူညီမှူရရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ တွင်  UPDJC မှ တင်သွင်းလာသည့် အချက် ၄၁ချက်ကိုဆွေးနွေးရာ အပြီးသတ်သဘောတူညီမှု ၃၃ချက်ရရှိခဲ့ကြောင်း ယနေ့ မေ၂၈ရက်ညပိုင်းအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို မေ ၂၈ရက်တွင် နေပြည်တော်၌ ကျင်းပ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ရလဒ်အတွက် ညှိနှိုင်းခဲ့ရာ သဘောတူညီချက်များနှင့် သဘောမတူသည့် အချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကဏ္ဍကြီးငါးခုတွင်နိုင်ငံရေးကဏ္ဍမှ ၁၂ချက်  စီးပွားရေးကဏ္ဍမှ ၁၁ချက် လူမှုရေးမှ ၄ချက် မြေယာနှင့်သဘာဝပတ်ဝန်းကျင် အတွက် အချက်၆ချက်တို့ကို အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်းUPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

မနက်ဖြန် ညီလာခံ နောက်ဆုံးရက်မှာသဘောတူညီချက်တွေကို UPDJC အတွင်းရေးမှူး အဖွဲ့က တင်သွင်းမှာဖြစ်ပါတယ် ပြီးရင်ကဏ္ဍအလိုက် ၄ခုတင်သွင်းပြီးသွားရင် အစု အဖွဲ့ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးမှာဖြစ်ပါတယ် ပြီးရင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်  ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေး တွင် ဆွေးနွေးသည့် အချက် ၄၁ချက် အနက် နိုင်ငံရေးကဏ္ဍ ရှစ်ချက်မှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့် ကဏ္ဍလေးရပ်မှ အချက် ၃၃ ချက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှုရရှိခဲ့သည်။

၂၁ရာစုပင်လုံဒုတိယ အစည်းအဝေးတွင် ကဏ္ဍ ငါးခုကို ဆွေးနွေးခဲ့ပြီး လုံခြုံရေးကဏ္ဍမှ အပ ကျန်ကဏ္ဍများကို သဘောတူညီချက်များရယူရန် UPDJC တွင် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

7Day News

No comments:

Post a Comment