ဦးတင်ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်ရန် ဟိန္ဒူဘာသာဝင်များ ဆုတောင်းပွဲပြုလုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ကျန်းမာရေး အမြန်ဆုံးပြန်လည် ကောင်းမွန်လာစေရန် မြန်မာနိုင် ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်နှင့် သနန္တနဓမ္မပါလ က အဖွဲ့ချုပ်တို့က ရန်ကုန်မြို့တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
၁၉၆၉ က ဟိန္ဒူဘာသာဝင် အများအပြားနေထိုင်သည့် ဇေ ယျဝတီတွင် သူပုန်များက မြေနေ ရာလု၍ တိုက်ခိုက်ချိန်၌ ထိုစဉ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည့် ဦးတင်ဦးက တပ်မတော်ဖြင့် ကူညီပေးခြင်းကြောင့် ယခုကဲ့သို့ ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ ကပြောသည်။
‘‘ဘဘဦးတင်ဦးနဲ့ပတ်သက် လို့ နိုင်ငံရေးအရ လေးစားလို့ လုပ်တာမဟုတ်ပါဘူး။ ပြည်သူ ထဲက ဗိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့အ တွက်ကြောင့်ပါ။ ပြည်သူ့ဘက် က ရပ်တည်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ် ခဲ့တယ်။ လူမျိုးမခွဲခြားဘဲ ကူညီ ပေးခဲ့တဲ့အတွက်ကြောင့် လုပ်တာ ပါ’’ဟု ၎င်းကပြောကြားသည်။
ယင်းဆုတောင်းပွဲကို ရန် ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရား ကျောင်းတွင် ဟိန္ဒူဘာသာဝင် ၃၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။
ဟိန္ဒူဘာသာဝင်ဘုန်းတော် ကြီးငါးပါးက ‘‘ဘဘဦးတင်ဦး အ မြန်ဆုံးကျန်းမာပါစေ’’ဟု ဟိန္ဒူ ဘာသာဓလေ့ထုံးစံနှင့်အညီ ဆု တောင်းပွဲပြုလုပ်ခဲ့သည်။
ဦးတင်ဦး ကျန်းမာရေးပြန် လည်ကောင်းမွန်လာစေရန် ဆု တောင်းပွဲများကို ရန်ကုန်၊ မန္တ လေး၊ တောင်ကြီး၊ နေပြည်တော်၊ မုံရွာ၊ မော်လမြိုင် စသည့်မြို့များ တွင် မေလ ၁၈ ရက်ကစ၍ ပြုလုပ်ခဲ့သည်။ မုံရွာမြို့တွင် ပြုလုပ် ခဲ့သော ဆုတောင်းပွဲ၌ မြို့ရှိ ဘာသာပေါင်းစုံမှ ခေါင်းဆောင် များ ပါဝင်ဆုတောင်းခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment