Latest News

Friday, May 12, 2017

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှု တရားခံများ ရုံးထုတ်၊ ရှေ့နေများ မလာခဲ့ခြင်းကြောင့် ရက်ရွှေ့ဆိုင်း

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှု တရားခံများ ရုံးထုတ်၊ ရှေ့နေများ မလာခဲ့ခြင်းကြောင့် ရက်ရွှေ့ဆိုင်း


ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို မေလ ၁၂ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ၇ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့သော်လည်း ရှေ့နေများ မလာခဲ့ခြင်းကြောင့် ရုံးထုတ်စစ်ဆေးမှုကို လာမည့် မေလ ၂၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံခဲ့သူ ကြည်လင်းနှင့် ကြံရာပါ သုံးဦးကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ပါတီဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှား သမ္မတနိုင်ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

The Ladies News

No comments:

Post a Comment