Latest News

Tuesday, May 16, 2017

လိုင်စင်မလုပ်ထားတဲ့ ဈေးဆိုင်တွေကြောင့် အခွန်ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဆို

လိုင်စင်မလုပ်ထားတဲ့ ဈေးဆိုင်တွေကြောင့် အခွန်ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဆို


ရန်ကုန်တိုင်းဒေသကြီးထဲမှာ လိုင်စင်မလုပ်ထားတဲ့ ဈေးဆိုင်တွေရှိနေတာကြောင့် တိုင်းပြည်ရဲ့အခွန် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောဆိုလိုက်ပါတယ်။

တချို့ဆိုင်ခန်းတွေက လိုင်စင်မရှိပဲ ရောင်းချနေကြတာကိုတွေ့ရပြီး သူတို့ကိုထိခိုက်စေချင်လို့ ပြောတာမဟုတ်ပေမဲ့ တစ်ဖက်မှာတိုင်းပြည်ရဲ့ အခွန်ဆုံးရှုံးနေပြီး စည်ပင်ဝန်ထမ်းက အခွန် လာကောက်တဲ့အခါမှာလည်း ဆိုင်ရောင်းတဲ့သူက နိုင်ငံငံတော်ကို လေးသောင်းအခွန်ဆောင်ရမယ်ဆိုရင် လာကောက်တဲ့ ဝန်ထမ်းကို နှစ်သောင်းလောက် ပေးလိုက်တဲ့အတွက် အဆင်ပြေသွားကြတယ်လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။

မေ(၁၅) ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး တိကျတဲ့အခွန်အခသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းနဲ့ ညွန်ကြားချက်တွေရှိရင် သိလိုတဲ့အကြောင်း မေးမြန်းတဲ့အခါ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ကတော့ လိုင်စင်တွေကို (၁)နှစ်တစ်ခါ ချထားပေးလေ့ရှိပြီး အစားအသောက်လိုင်စင်၊ လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာဉ်နဲ့ လှည့်လည်ရောင်းချခွင့် လိုင်စင်နဲ့ ယာယီဇာတ်ရုံခွင့်ပြုမိန့်လိုင်စင်ဆိုပြီး (၇)မျိုး ချထားပေးနေတယ်လို့လည်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Source & Photo : MMK :Duwun

No comments:

Post a Comment