တပ်ကြပ်ကြီး မိုက်ကယ်ရဲ့ အုတ်ဂူကို သန်လျင်ပျဉ်ထောင်ကျောင်း သုသာန်ကို ပြောင်း
ရန်ကုန် ။မေ ၁၃
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး မိုင်းရှာဖွေရေး တပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုင်းရှာဖွေရေးခွေး တပ်ကြပ်ကြီး မိုက်ကယ်ရဲ့ အုတ်ဂူကို မေလ (၁၂) ရက်နေ့က သန်လျင်ပျဉ်ထောင်ကျောင်း သုသာန်ကို ပြောင်းရွေ့ခဲ့တယ်လို့ သိရပါတယ်။ မိုက်ကယ်ရဲ့ အုတ်ဂူကို တိရိစ္ဆာန်ချစ်သူများ အဖွဲ့ နဲ့ For Brave Dog အဖွဲ့ ကနေ ဝိုင်းဝန်းပြောင်းရွေ့ပေးခဲ့တာဖြစ်ပါတယ်။
အရင်က မိုက်ကယ်ရဲ့ အုတ်ဂူကို မိုက်ကယ်ကိုထိန်းကြောင်းလေ့ကျင့်စောင့်ရှောက်ပေးတဲ့ မိုင်းရှာဖွေရေး တပ်ဖွဲ့က မိုက်ကယ်ရဲ့ သခင် ဒုတပ်ကြပ် အောင်ဖိုက် နေထိုင်ရာ
လိုင်းခန်းရဲ့ နောက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လိုင်းခန်းနောက်မှာမြုပ်ထားတဲ့အတွက်နောက်ပိုင်းလူတွေပော့င်းလာရင်မကြိုက်မှာစိုးတာရယ် ၊ အမှတ်တရလေးတွေသေချာပြုလုပ်နိုင်တဲ့နေရာရွှေ့ ပြောင်းပေးတာဖြစ်ပါတယ်
တပ်ကြပ်ကြီး မိုက်ကယ် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးကို လာမယ့်မေ (၁၅) ရက်နေ့ မနက် (၆) နာရီကနေ (၉)နာရီ ထိပြုလုပ်မှာဖြစ်ပြီး နေ့လည် (၁) နာရီကနေ (၃) နာရှိ အထိ ဧရာဝတီပန်းချီပြခန်းမှာ ပြပွဲပြုလုပ်ပြီး ပြပွဲ အခန်း အနား ပြီးတာနဲ့ မိုက်ကယ် အုတ်ဂူဆီကို သွားရောက်ကြမယ်လို့ သိရပါတယ်။
မိုက်ကယ် အုတ်ဂူရှိရာ သန်လျင်ပျဉ်ထောင်ကျောင်း သုသာန်ကို သွားတဲ့အခါမှာ မိုက်ကယ် ပုံပါတဲ့ အကျီဆင်တူတွေ ဝတ်ဆင်ပြီး သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒုတပ်ကြပ် အောင်ဖိုက်ရဲ့ ဇနီး ဖြစ်သူ မမြင့်နွယ်ဝင်းက ” ဆွမ်းကျွေးကတော့ အိမ်မှာ လုပ်မယ် ၊ နေ့လည်ကိုမကြည်ဖြူသျှင်ဧရာဝတီပန်ချီပြခန်းမှာ နေလည် ၁နာရီကတေညနေ ၃နာရီိထိမိုက်ကယ်ပုံတွေနဲ့ အခန်းအနားရှိတယ်အဲဒီကပြီးရင်သန်လျှင်မိုက်ကယ်အုတ်ဂူစီဆက်သွားမှာ မိုက်ကယ်ပုံပါတဲ့တူညီဝတ်စုံဝတ်ပြီးသွားမယ်လို့ပြောတယ်” လို့ ဆိုပါတယ်။
တပ်ကြပ်ကြီး မိုက်ကယ်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၅)ရက်နေ့မှာ တာဝန်ထမ်းဆောင်ရင်း အစာအိမ်သွေးကြောပေါက်ပြီး သေးဆုံးခဲ့တာဖြစ်ပါတယ်။ မိုက်ကယ်ဟာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မိုင်းရှာဖွေရေးတပ်ဖွဲ့ရဲ့ တစ်ကောင်တည်းသော မိုင်းရှာခွေးတစ်ကောင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မေသော်တာမောင်( Kumudra )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment