Latest News

Thursday, May 4, 2017

ရေလမ်းသွား တက္ကစီကိစ္စ လွှတ်တော်မှာ ဆွေးနွေးခြင်းမရှိ

ရေလမ်းသွား တက္ကစီကိစ္စ လွှတ်တော်မှာ ဆွေးနွေးခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ အစီအစဉ် မှာပါတဲ့ ရေလမ်းသွား water taxi အစီအစဉ်ကို မကြာခင်မှာ အကောင်အထည်ဖေါ်တော့မှာဖြစ်ပြီး ဒီကိစ္စကို လွှတ်တော်မှာ အစိုးရက ဖြေကြားတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ water taxi ပြေးဆွဲမှာနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းထားပေမယ့် ပြန်မဖြေသေးဘူးလို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"water Taxi ပြေးဆွဲမှာကို ဂျာနယ်တွေမှာ တွေ့ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးထားတဲ့ မေးခွန်းကို ယနေ့ထိတိုင် လွှတ်တော်ဥက္ကဌကဘဲ အစိုးရကိုမတင်တာလား အစိုးရ အဖွဲ့ကဘဲ လာမဖြေတာလား ကျနော်တို့ စတုတ္ထပုံမှန်အစည်းအဝေးမှာ လာကိုမဖြေဘူး"

ရန်ကုန်မြစ်အတွင်းမှာ ပြေးဆွဲမယ့် Water Taxi နဲ့ ပတ်သက်ပြီး စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ရေးထိုးလိုက်ပြီဆိုတာကို ဂျာနယ်တွေထဲပါမှသိရပြီး မေလ ၁၅ရက်နေ့ကို စတင်တော့မယ့် အနေအထားဖြစ်နေတယ်လို့ ပြောပါတယ်။

အဲ့ဒီအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်မှုတွေရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်လည်စတင်မယ့်အချိန်မှာ အဆို ဒါမှမဟုတ် မေးခွန်းတွေ မေးမြန်းသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

Photo: Aung Thain Kha/RFA

No comments:

Post a Comment