တောင်ကိုရီးယားမှာလုပ်ခဲ့တဲ့ ဦးမင်းကိုနိုင်ရဲ့ အနုပညာပြပွဲ
ဖူချွန်းမြို့က ဆော့ဝမ်ဆာဗုဒ္ဓဘာသာကျောင်းဝင်းထဲမှာ ပြုလုပ်ခဲ့တာပါ။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ရဲ့ သူ့ဘဝ သူ့အနုပညာ My Dream ..Min Ko Naing အနုပညာပြပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဖူချွန်းမြို့က ဆော့ဝမ်ဆာဗုဒ္ဓဘာသာကျောင်းဝင်းထဲမှာ မေလ(၃) ရက်နေ့ကနေ (၅)ရက်နေ့အထိ ပြုလုပ်နေပါတယ်။
အဲဒီပြပွဲကို မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်ပေးနေတဲ့ ဆော့ဝမ်ဆာဗုဒ္ဓဘာသာကျောင်းတော်ရဲ့ ဦးစီးပဓာနဆရာတော် လင်ယောင်ဒမ်ကကြီးမှူးဆောင်ရွက်တာဖြစ်ပြီး ဦးမင်းကိုနိုင် အကျဉ်းကျနေတဲ့အချိန်ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း(၂၀၀)လောက်ကို ပြသထားတယ်လို့ သိရပါတယ်။
ဒီပြပွဲရဲ့ ဖွင့်ပွဲကိုတော့ ဖူးချွန်မြို့တော်ဝန်နဲ့ လွှတ်တော်အမတ်တွေ၊ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ စမ်းချောင်းကိုကိုကြီးတို့လည်း တက်ရောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စည်းရုံးရေး ကော်မတီ-ကိုရီးယားက ဒုတိယဥက္ကဌ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီနဲ့ စမ်းချောင်းကိုကိုကြီးတို့ဟာ ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့ မေလ ၇ ရက်နေ့မှာ မြန်မာ့ကဗျာ၊ စာပေနဲ့ ပန်းချီးအနုပညာကိစ္စတွေကို တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
Source & Photo : MMK:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment