Latest News

Saturday, May 20, 2017

ထုံးဘိုတွင် လေပြင်းကြောင့် နှစ်ချို့စိန်ပန်းပင်ကြီးလဲကျလူနှစ်ဦး ဒဏ်ရာရပြီး အိမ်စီးကားသုံးစီး ထိခိုက်ပျက်စီး

ထုံးဘိုတွင် လေပြင်းကြောင့် နှစ်ချို့စိန်ပန်းပင်ကြီးလဲကျလူနှစ်ဦး ဒဏ်ရာရပြီး အိမ်စီးကားသုံးစီး ထိခိုက်ပျက်စီး

ပန်းတောင်းမြို့နယ် ထုံးဘို မြို့တွင် လေပြင်းတိုက်ခိုက်ခြင်း ကြောင့် နှစ်ချို့စိန်ပန်းပင်လဲကျ ရာ လူနှစ်ဦးထိခိုက်ဒဏ်ရာများရ ရှိပြီး အိမ်စီးကားသုံးစီး ပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။
မေလ ၂၀ ရက်ညနေ ၃ နာရီခွဲခန့်က လေပြင်းတိုက်ခဲ့ခြင်း ကြောင့် နှစ်ချို့စိန်ပန်းပင်တစ်ပင် လဲကျရာ အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိပြီး အိမ် စီးကားသုံးစီး ထိခိုက်ပျက်စီးခဲ့ သည်။

‘‘သစ်ပင်လဲကျတဲ့နေရာက အကောက်တောင်ကို ဆက်သွား ဖို့ ထုံးဘိုမြို့က ယာဉ်ရပ်နားစခန်း မှာပါ။ ခရီးသွားကား စီးတီးတက္ကစီတစ်စီးနဲ့ အိမ်စီးကားနှစ်စီး ထိခိုက်ပျက်စီးသွားတာ တွေ့ရတယ်။ ထိ ခိုက်ဒဏ်ရာရရှိသူတွေက ခရီးသွားတွေမဟုတ်ဘူး။ ယာဉ်ရပ်နားစခန်းက ဈေးရောင်းတဲ့ ဒေသခံတွေပါ။ ကိုယ်ဝန်သည်အမျိုးသမီးကလည်း ပွန်းပဲ့ထိခိုက်တာလောက်ပဲရှိပြီး မစိုးရိမ်ရဘူး။ အ မျိုးသားကတော့ ကျောနဲ့ ရင်ဘတ်အောင့်နေတာ ကြောင့် ပြည်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်’’ ဟု ထုံးဘို နယ်မြေရဲစခန်းမှူးကပြောသည်။

သစ်ပင်လဲကျရာသို့ ပန်း တောင်းမြို့နယ်မှ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ လာရောက် ကာ လိုအပ်သည့် ကူညီဆောင် ရွက်မှုများပေးခဲ့ပြီး လဲကျခဲ့သည့် စိန်ပန်းပင်ကို ခုတ်ထွင်ရှင်းလင်း ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း မေလ ၁၅ ရက်က စတင်ကာ ညနေအချိန်များတွင် လေပြင်းများရုတ်တရက် တိုက်ခတ်လျက်ရှိသည်။

မေလ ၁၉ ရက် ညနေကပြည်မြို့ ဝက်ထီးကန်ကျေးရွာ အုပ်စုအတွင်း လေပြင်းကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

7Day News Journal

No comments:

Post a Comment