မင်္ဂလာမွန်ဈေးအတွင်းပိတ်သိမ်းထားခဲ့ရသည့် ဖျော်ဖြေရေးဆိုင်များကို မိမိဆန္ဒဖြင့်ပြန်ဖွင့်မည်ဟုဆို
မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအတွင်းပိတ်သိမ်းခြင်းခံထားရသည့်ဖျော်ဖြေရေးဆိုင်သုံးဆိုင်ကို မနက်ဖြန်(မေလ ၂၆ ရက်)တွင်မိမိဆန္ဒဖြင့် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားကြမည်ဖြစ်ကြောင်း
ဖျော်ဖြေရေးဆိုင်များ၏တာဝန်ရှိသူ ဦးမောင်မောင်အေးကပြောသည်။
ပိတ်သိမ်းခြင်း ခံထားရသော 9-F ၊ NASA နှင့် LUCKY ဖျော်ဖြေရေးဆိုင်များနှင့် ပတ်သက်၍ ယနေ့ မေလ ၂၅ ရက်က မင်္ဂလာမွန်ဈေးအတွင်းရှိ လပ်ကီး ဖျော်ဖြေရေးဆိုင်အတွင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကအထက်ပါအတိုင်း မီဒီယာများအားပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆိုင်များအနေဖြင့် ပြီးခဲ့သည့် မေလ ၂၃ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ ဆိုင်များပြန်လည် ဖွင့်လှစ်လိုကြောင်းအသိပေးခဲ့ကြောင်း၊သို့သော်လည်း ယခုတိုင် ပြန်လည် အကြောင်းကြားခြင်း မရှိကြောင်း ၄င်းကပြောသည်။
အဆိုပါဆိုင်များအားလုံးကို နှစ်ရှည်စာချုပ်ဖြင့်ငှားရမ်းထားပြီး နှစ်စဉ်ပေးဆောင်ရသည့်လိုင်စင်ကြေးများကိုလည်း ပုံမှန်ပေးသွင်းထားကြောင်း၊ ဆိုင်များပိတ်ထားရသော်လည်းဝန်ထမ်းများအား လစာပေးထားရဆဲ ဖြစ်ကြောင်း ဦးမောင်မောင်အေးက ရှင်းပြသည်။
မင်္ဂလာဈေးသစ်ဈေးနှင့် မင်္ဂလာမွန်ဈေးအတွင်း ငှားရမ်းထားသည့် KTV လုပ်ငန်း ရှစ် ခုနှင့် ဆက်စပ်လုပ်ငန်းသုံးခုတို့ ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဌာရမ်းခြင်းမှပယ်ဖျက်ရန် မေလ ၂ ရက်က ပြု လုပ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင်များအစည်းအဝေး ၁၁/၂၀၁၇ ကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မင်းရန်နောင်(သတင်း/ဓာတ်ပုံ)
ပြည်မြန်မာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment