Latest News

Tuesday, May 30, 2017

ငါးထောင်တန်၊တစ်သောင်းတန်ငွေစက္ကူအတုကိစ္စဘယ်လိုဖြေရှင်းမလဲ

ငါးထောင်တန်၊တစ်သောင်းတန်ငွေစက္ကူအတုကိစ္စဘယ်လိုဖြေရှင်းမလဲ

ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူအတုကိစ္စ ဘယ်လိုဖြေရှင်းမလဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းနှင့် တွေ့ဆုံခြင်း

ငွေစက္ကူအတုတွေ မလုပ်နိုင်ဖို့ နိုင်ငံတကာအဆင့်မီ ငွေစက္ကူအသစ်တွေကို ပြည်သူလူထုလက်ထဲရောက် အောင် ပြုလုပ်မယ်လို့ ဗဟိုဘဏ်ကထုတ်ဖော်ပြောကြားထားပါတယ်။

ရန်ကုန်၊ မေ ၂၈ - မြန်မာနိုင်ငံနေရာအနှံ့အ ပြားမှာ ကျပ်တစ်သောင်းတန် ၊ ငါးထောင်တန်ငွေစက္ကူ အတုတွေ မကြာခဏတွေ့ရပြီး ငွေအတုလက် ခံရရှိတဲ့ပြည်သူတွေဟာ အခက်အခဲကြုံနေရပါ တယ်။
ငွေစက္ကူအတုတွေ နောက်ထပ်မလုပ် နိုင်ဖို့ နိုင်ငံတကာအဆင့်မီ ငွေစက္ကူအသစ်တွေကို ပြည်သူလူထုလက်ထဲရောက် အောင် ပြုလုပ် မယ်လို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဖော် ပြောကြားထားပါ တယ်။


ပြည်သူလူထု လက်ထဲက ငွေစက္ကူ အဟောင်းတွေနဲ့ အသစ်တွေကို ဘယ်လို လဲလှယ်ပေးမလဲ၊ ပြည်သူလူထုက အတုနဲ့အစစ် ဘယ်လိုသိနိုင်မလဲ။ ငွေစက္ကူအဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်း သိမ်းမလဲဆိုတာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန၊  ညွှန်ကြားရေးမှူး ချုပ် ဦးအောင်ကျော်သန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပါတယ်။

ကုမုဒြာ ။ ။ ငွေစက္ကူအတုနဲ့ အစစ်ကို ပြည်သူလူထုအနေနဲ့ ဘယ်လိုသိနိုင်မလဲဆရာ။

ဦးအောင်ကျော်သန်း ။ ။ တစ်သောင်းတန်ဆိုရင်လည်း ညာဘက်ထောင့်အောက်မှာ ၁၀,ဝ၀ဝ ဆိုတာ အစိမ်းရောင် ကြီး နဲ့ဟာကြီးပါတယ်။ အဲဒါက ဒီဇိုင်းတွေ တုဖို့ မလွယ်ဘူးလေ။ နောက် ငါးထောင်တန်လည်း ဗားနစ်တွေ သုတ်ထားတယ်။ ကိုင်လိုက်တာနဲ့ မာတောင် ပြီးတော့ ကြမ်း ကြမ်းတမ်းတမ်းနဲ့ အေဖိုးစက္ကူ နဲ့လုပ်လို့ မရအောင် လုပ်ထားတယ်။ လုံခြုံရေးကြိုးကိုလည်း ကြီးထားတယ်။

ကျွန်တော်တို့ ငါးထောင်တန် အသစ်၊ တစ်သောင်းတန်အသစ် ဒီဇိုင်းအသစ်တွေ အဲဒါတွေကို ထုတ်ပေးနေတယ်။ တဖြည်း ဖြည်းနဲ့လဲသွားမယ်။ ဒီဇိုင်းအဟောင်းတွေကိုလည်း လဲသွားမယ်။ ဒီဇိုင်းအသစ်တွေလည်း လဲပေးနေ တယ်။ တဖြည်းဖြည်းလုပ်ဆောင်နေတယ်။

ကုမုဒြာ ။ ။ ငွေစက္ကူအဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ထိန်းသိမ်းမှာလဲ။

ဦးအောင်ကျော်သန်း ။ ။ အဲဒါတွေကို တဖြည်းဖြည်းလဲလှယ်ပေးသွားမယ်။ လဲလည်း လဲပေးနေတယ်။ ဗဟိုဘဏ်ထဲ ပြန်ထည့်။ အတုလုပ်လို့ မရတာတွေကို လုပ်ပေးနေတယ်။ အ ဟောင်းဆိုတာက အပေးအ ယူက အမြဲတမ်း ရှိပြီးသား။  ပြည်သူလူထုထဲမှာ လှည့်လည်တာတွေ အပေးအယူရှိ ပြီးသား။ ဘဏ်တွေက ဗဟိုဘဏ်ကို လာအပ်လိုက်လာထုတ်လိုက်နဲ့။

ဟောင်းနွမ်းသွားတဲ့ဟာတွေကို ဖျက်ဆီးသွားမယ်။ ဒီဇိုင်းအသစ်တွေကို မျှပြီး ဖြည့်ပေးမယ်။ တဖြည်းဖြည်းနဲ့ လူထုလက်ထဲမှာ အတု လုပ်လို့မရတာတွေ ရောက်သွားမယ်။

ချက်ချင်းကြီးလုပ်လို့မရဘူး။  ချက် ချင်းကြီး လဲလို့မရဘူး။ အိန္ဒိယမှာ ၅၀ဝ တန်တွေ ချက်ချင်းဆိုပြီး လုပ်သွားတယ်။ သည်မှာက သည်လို မလုပ်ပါဘူး။ သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာနဲ့ လုပ်သွားမယ်။

ကုမုဒြာ ။ ။ ပြည်သူလူထုလက်ထဲမှာရှိတဲ့ ငွေစက္ကူတွေကို အတုလုပ်လို့မရတဲ့

ငွေစက္ကူအသစ်တွေနဲ့ ဘယ်လိုလဲလှယ်ပေးသွားမှာလဲ။


ဦးအောင်ကျော်သန်း ။ ။ အရင်ဟာ ဒီဇိုင်းအဟောင်းတွေက ထုတ်ကိုမထုတ်တော့ဘူး။ ငါး ထောင်တန်အဟောင်း ဒီဇိုင်းအဟောင်း၊ တစ်သောင်တန်အဟောင်းထုတ်ကိုမထုတ်တော့ဘူး။ အသစ်တွေက အတုထုတ်ဖို့ခဲယဉ်းတယ်။ မြင်တာနဲ့သိသာတယ်။

အတုလုပ်ဖို့ခဲယဉ်းတဲ့ဟာတွေကိုပဲ ဗဟို ဘဏ်က ထုတ်လုပ်နေတယ်။ ထုတ်လုပ်ပြီးတော့မှ အဟောင်းတွေကို တဖြည်း ဖြည်းနဲ့လဲသွားမယ်။ သိမ်းသွားမယ်။ အရင်တုန်းက တစ်ထောင်တန်အသစ် ဆိုက်အကြီးတွေ၊ ငါးရာ တန်အသစ် ဆိုက်အကြီးကြီးတွေ၊ ဒါတွေက တ ဖြည်းဖြည်းနဲ့ ပျောက်ပျောက်သွားတယ် လူကြားထဲမှာ။ ဗဟိုဘဏ်ကို ပြန်ပြန်ဝင်လာရင် မထုတ်ပေးတော့ဘူး။ သိမ်းဆည်းထားလိုက်တယ်။ ဆိုက်အကြီးတွေ မြင်ဖူးတယ်မဟုတ် လား။ အခု လူထု ကြားမှာရှိမှမရှိတော့ဘဲ။

တဖြည်းဖြည်းနဲ့ လဲလှယ်ပြီးတော့တို့ထဲ ကိုထည့်၊ တို့က ပြန်မထုတ်ပေးတဲ့အခါ ကျရင် လူထုအထဲမှာ အကုန်ကုန်သွားမှာပေါ့။ အဲ သည်အတိုင်း တုလို့မရတဲ့ မလွယ်တဲ့ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ ထုတ်ပေးမှာ ပေါ့။

ကုမုဒြာ ။ ။ ငွေစက္ကူအတု မြန်မာနိုင်ငံမှာ ပျံ့နှံ့ နေတာ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိလဲဆရာ။

ဦးအောင်ကျော်သန်း ။ ။ ငွေစက္ကူအတုတွေဆိုတာကလည်း ပြောပလောက်တဲ့ ပမာဏဘီလျံတွေ၊ မီလျံတွေ ချီပြီး တွေ့တာမဟုတ်ဘူး၊ ရာခိုင် နှုန်းက ဝ့ဝ၀ဝ၀၂၅၊ တို့ ငါးထောင်တန် တစ် သောင်းတန် ဝ့ဝ၀ဝ၀၄၅၊ ပွိုင့်နောက်မှာ သုညလေးလုံးလောက်ခံပြီးမှ ရာခိုင်နှုန်းတွေ့တာ။ အများကြီးလာတာမျိုးမဟုတ်ဘူး။ ဥပမာတစ်ဦးတလေက ကော်ပီယာနဲ့ ကူးတဲ့ ဟာမျိုးပဲ။ ကော်ပီယာနဲ့ကူးပြီးတော့ သူ့ဟာသူ ကွမ်းယာ ဝယ်စားတယ်။ ဆိုင်ကယ်မှာ ဆီဝယ်ထည့် တယ်။ ဒါမျိုးလုပ်ထားတဲ့ လူမျိုးပဲတွေ့တယ်။ စီးပွားရေးကို အထက်အောက်ဖြစ်သွားအောင် အင်နဲ့အားနဲ့ လုပ် သွားတာမျိုး မတွေ့ဖူးဘူး။ လမ်းဘေးကော်ပီယာစက်မှာ သွားကူးပြီးလုပ်တာ။ ပရင့်ကြီးတွေ၊ မိုကြီးတွေနဲ့ စက်ကြီးတွေနဲ့ လုပ်တာမဟုတ်ဘူး။

ကုမုဒြာ ။ ။ ငွေစက္ကူအတုတွေနဲ့ပတ်သက်ပြီး ငွေစက္ကူတွေကို မဖောက်ဖို့ဘဏ်တွေကို ညွှန်ကြားလွှာပေးပို့မယ်လို့

သိရတယ်။ အဲသည် ငွေကြေးညွှန်ကြားလွှာကို ဘယ်တော့လောက်ထုတ်ပြန်ဖို့ရှိပါသလဲ။

ဦးအောင်ကျော်သန်း ။ ။ ညွှန်ကြားလွှာကို လူကြီးတွေဆီ တင်ပြထားတယ်။ သဘောတူရင် ထုတ်ပေးမယ်။

ကုမုဒြာ ။ ။ ပြည်သူလူထုကို အတုနဲ့အစစ်ခွဲခြားဖို့ ပညာပေးတာတွေ လုပ်ဖို့ရှိပါသလား။

ဦးအောင်ကျော်သန်း ။ ။ အတုနဲ့ အစစ်ခွဲခြားနည်းနဲ့ပတ်သက်ပြီး ဗီဒီယိုရိုက်နေပြီ။ ပြီးတာနဲ့ လူကြည့်များတဲ့ ဖေ့စ်ဘုတ်ခ်စာ မျက်နှာမှာတင် ပေးမယ်။ ရက်ကတော့ အတိအကျမသိရသေးဘူး။

ကုမုဒြာ ။ ။ ငွေစက္ကူအတုလုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံထိန်းချုပ်ဖို့ရှိပါသလဲ။

ဦးအောင်ကျော်သန်း ။ ။ အဲသည်ဟာတွေကိုတော့ လွှတ်တော်မှာ ဖြေကြားမှပဲ နားထောင်ပါ။ အခုလောလောဆယ် ကြိုပြီးတော့ မပြော ချင်ပါဘူး။ ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အဖြေတွေကို မေလ ၂၉ ရက်နဲ့ ၃၀ မှာ အပြီးတင်ပြရမှာ။ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်ပေါင်းပြီး ဖြေကြားမှာ ဖြစ်တယ်။

ကုမုဒြာ ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 မို့မို့သန္တာ(ကုမုဒြာ)


No comments:

Post a Comment