လာလီဂါချန်ပီယံဆု ရရှိခဲ့သည့် ရီးယဲလ် ယခုရာသီ၌ ပွဲစဉ်(၃၈)ပွဲစလုံး ဂိုးသွင်းယူခဲ့သည့် စံချိန်တင်ရှိ
၂၀၁၆-၁၇ ရာသီ လာလီဂါပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရီးယဲလ်အသင်းသည် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲစဉ်(၃၈)ပွဲစလုံး ဂိုးသွင်းခဲ့သည့် စံချိန်တစ် ရပ် ရရှိခဲ့ကြောင်းသိရသည်။
ရီးယဲလ်အသင်းသည် လာလီဂါရာသီ ပိတ်ပွဲစဉ်အဖြစ် မာလာဂါနှင့်ကစားခဲ့သော ပွဲတွင် စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့၏
သွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး ၂၀၁၁-၁၂ နောက် ပိုင်းဝေးကွာနေသည့် လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအနေ ဖြင့် လာလီဂါတွင် ပွဲတိုင်းကို ဂိုးသွင်းနိုင်ခဲ့သ လို ပြိုင်ပွဲစုံ၌ ပွဲဆက်ဂိုးသွင်းခဲ့သည့်အရေအတွက်မှာ (၆၅)ပွဲအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါချန်ပီယံဆုကို ဆွတ်ခူး ခဲ့ရာတွင် အိမ်ကွင်း၌ရရှိခဲ့သည့်အမှတ်ထက် အဝေးကွင်းတွင် ရရှိခဲ့သည့်အမှတ်က ပိုများ ခဲ့ပြီး ယင်းကဲ့သို့စွမ်းဆောင်မှုမှာ လာလီဂါ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း Marca သတင်းစာက ဖော်ပြခဲ့ သည်။ ရီး ယဲလ်အသင်းသည် လာလီဂါချန်ပီ ယံဆုကို ဆွတ်ခူးခဲ့သည့်ရာသီတိုင်း အိမ် ကွင်းတွင် အမှတ်ပိုမိုရယူခဲ့ပြီး ယခုရာသီ၌ ပထမဆုံးအဖြစ် အဝေးကွင်းတွင် အမှတ်ပိုမို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
REF:Goal& Marca
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment