Latest News

Thursday, May 11, 2017

အိန္ဒိယရေတပ်သင်္ဘော ရန်ကုန်သို့ ချစ်ကြည်ရေးခရီး လာရောက်

အိန္ဒိယရေတပ်သင်္ဘော ရန်ကုန်သို့ ချစ်ကြည်ရေးခရီး လာရောက်

ရန်ကုန်၊ မေ ၁၁

အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘော Rajput သည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ မေ ၁၁ မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့သို့ လာရောက်မည်ဟု ရန်ကုန်မြို့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ရေတပ်သင်္ဘော Rajput (D 51) သည် အိန္ဒိယရေတပ်၏ Rajput အမျိုးအစားသဘောင်္များ၏ ဦးဆောင်သင်္ဘော ဖြစ်ကာ အိန္ဒိယရေတပ်သို့ ၁၉၈၀ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သင်္ဘောသည် တန်ချိန် ၅,၀၀၀ ကျော် တင်ဆောင်နိုင်ပြီး သင်္ဘောပေါ်တွင် Kamov သို့မဟုတ် Chetak ရဟတ်ယာဉ် တင်ဆောင်နိုင်ရန် တည်ဆောက်ထားသည်ဟုဆိုသည်။

သင်္ဘောပေါ်တွင် အရာရှိများနှင့် စစ်သည်များအပါအဝင် ၂၅၀ ကျော်ပါဝင်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ရောက်ရှိစဉ် မြန်မာ့ တပ်မတော် (ရေ) မှ အရာရှိများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခြင်းများ၊ ဂါရဝပြုတွေ့ဆုံခြင်းများ၊ စိတ်ဝင်စားဖွယ် နေရာများသို့ လည်ပတ်ခြင်းများနှင့်ချစ်ကြည်ရေး အားကစားပွဲများ ကစားခြင်းတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Frontier Myanmar - Burmese

No comments:

Post a Comment