Saturday, May 13, 2017
ဘားအံမြို့တွင် ၅၀၀၀ တန် ငွေစက္ကူ အတုနှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိ
ဘားအံ မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၅၀၀၀တန် ငွေစက္ကူအတုနှင့် ပြုလုပ်ရာတွင်အသုံးပြုသည့် သက်သေခံ ပစ္စည်း များအား မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၅)ရပ်ကွက်၊ အောင်ချမ်း သာလမ်း၊ အိမ်အမှတ်(၅/၉၁) တွင် ငှားရမ်းနေထိုင်သူ ချစ်ကိုကိုလင်း၏ နေအိမ်အခန်းအား ၀င်ရောက်ရှာဖွေရာမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သထုံခရိုင်မူခင်းနှိမ်နှင်းရေး ဌာနစုမှ ရဲအုပ်အောင်သူ ဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၁) မှုခင်းတပ်ဖွဲ့စု (ကရင်)မှ ဒုရဲမှူး သန်းထိုက်နှင့်အဖွဲ့၊ ဘားအံခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစုမှ ရဲအုပ် သက်စိုးဦး ဦးစီးအဖွဲ့၊ မြို့မရဲစခန်း (ဘားအံ)မှ စခန်းမှူး ဒုရဲမှူးတင်မောင်ဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မျိုးကျော် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေအဖြစ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်သန်းတို့နှင့်အတူ သထုံမြို့မ ရဲစခန်း(ပ) ၆၄၃/၂၀၁၇၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အက်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အမှုမှ တရားခံ ချစ်ကိုကိုလင်း၊ ၂၅ နှစ်(ဘ)ဦးတိုးမြင့်၊ ဗမာ/ဗုဒ္ဓ၊ ဘဏ်ဝန်ထမ်း KBZ ဘဏ်ခွဲ(၂)နှင့်အတူ ၄င်းငှားရမ်း နေထိုင်သည့် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိနေအိမ်အား ၀င်ရောက်ရှာဖွေရာ ၅၀၀၀ တန်ငွေစက္ကူအတု ၄၄ ရွက်၊ နံ့သာရောင် A4 ဆိုဒ်စာရွက်အတွင်း ကာလာပရင်တာနည်းဖြင့် မိတ္တူရေးကူးပြီး မဖြတ်ရသေးသည့် ၅၀၀၀တန် ငွေစက္ကူအတု ၉ ရွက်၊ ၁၀၀၀၀ တန်ငွေစက္ကူအား မိတ္တူကူးထားသည့် ထုတ်လက်စ စာရွက် ၄ ရွက်၊ ငွေစက္ကူအတု ပြုလုပ်ရာတွင်အသုံးပြုသည့် နီ/နက်/ပြာ/၀ါ ရောင်စုံပါ ကာလာဆေးရေဘူး ၄ ဘူး၊ အသုံးပြုပြီး ဆေးဘူး ၄ ဘူး၊ ဆေးဖြည့်ရာတွင် အသုံးပြုသည့် ပိုက်နှင့်အပ်တွဲလျက် ၃ ချောင်း၊ Cannon MP 237 3in one အမျိုးအစား ကာလာပရင် တာတစ်လုံး၊ ကွန်ပျူတာနှင့် ပရင်တာ ဆက်သွယ်သည့်ကြိုး တစ်ချောင်း၊ မီးကြိုးခွေတစ်ခွေ တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ သက်သေခံ ပစ္စည်းများအား သထုံခရိုင် အထူးမှုခင်းနှိမ်နှင်းရေးဌာနစု ရဲအုပ်အောင်သူ မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ရာ တရားခံချစ်ကိုကိုလင်းအား သက်သေများရှေ့ လက်မှတ်ရေးထိုးအပ်နှံပြီး ရဲအုပ်အောင်သူနှင့်အဖွဲ့မှ တရားခံချစ်ကိုကိုလင်း၊ သက်သေခံ ပစ္စည်းများနှင့်အတူ ဘားအံမြို့မှ သထုံမြို့သို့ ပြန်လည် ထွက်ခွာပြီး တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘားအံမြို့တွင် ၅၀၀၀ တန် ငွေစက္ကူ အတုနှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိ
Reviewed by timeayeyar
on
6:07 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment