Latest News

Sunday, May 7, 2017

မြတန်ဆောင်းဆရာတော်နောက်ဆက်တွဲတစ်ဦးအမှုဖွင့်ခံရ

မြတန်ဆောင်းဆရာတော်နောက်ဆက်တွဲတစ်ဦးအမှုဖွင့်ခံရ

မြောက်ဦးမြို့မှာ ရခိုင့်တပ်မတော် AA ၈ နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပွဲကို ဦးဆောင် ကျင်းပတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော်အမှုနဲ့ ဆက်နွယ်ပြီး မြောက်ဦးမြို့ခံ တစ်ဦးကို တပ်မတော်က မြောက်ဦးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

စခန်းက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပြီး တစ်စုံတစ်ရာ အကြောင်းကြားတာမရှိသေးပေမယ့် နီးစပ်တဲ့သူတွေဆီမှာ မေးမြန်းစစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ အမှုဖွင့်ခံထားရတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

"AA ကို အားပေးထောက်ခံတယ်ဆိုပြီးအမှုဖွင့်ထားတာဖြစ်တယ်။ ကျနော်ကို ၀ရမ်းထုတ်ထားတယ်၊ ကျနော်နဲ့နီးစပ်တဲ့သူတွေကို လာမေးတယ်။ စသုံးလုံးက။ ကျနော်က ကျနော်အိမ် တစ်အိမ်ထဲမှာပဲ နေတာမဟုတ်ပဲ ဟိုသွားလိုက် ဒီသွားလိုက်ဆိုတော့ မတွေ့ဘူး"

AA တပ်မတော် ၈ နှစ်ပြည့် ဘောလုံးပွဲဆိုပြီး မြတန်ဆောင်း ဆရာတော်က ကျင်းပခဲ့ရာမှာ  ဖမ်းဆီးခံရပြီး ကိုအမ်းသားကြီးက ဘောလုံးပွဲကို ဆက်လက် ဦးစီးပြီး ကျင်းပခဲ့တဲ့အတွက် အမှုဖွင့်ခံရတာ ဖြစ်နိုင်ကြောင်းနဲ့ သူ့အနေနဲ့ အမှုကို ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ကိုအမ်းသားကြီးကို မြတန်ဆောင်း ဆရာတော်ကို တရားလိုလုပ်ပြီး တိုင်ကြားခဲ့တဲ့ မြောက်ဦးမြို့ အခြေစိုက် ခမရ - ၅၄၀ ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်တာဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ရဲစခန်းက ပြောပါတယ်။ ဘောလုံးပွဲ ကျင်းပခဲ့တဲ့ မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို မတရားအသင်း အားပေးထောက်ခံမှုတွေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ဖမ်းဆီးထားတာပါ။

သူတို့ကို ပြန်လွှတ်ပေးဖို့ စစ်တွေမြို့မှာ လူအင်အား ၂၀၀ ကျော် က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Photo: Mrata Zaung

RFA

No comments:

Post a Comment