သံလွင်မြစ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အား မေ ၉ ရက်တွင်ဖွင့်မည်
မော်လမြိုင် မေ ၃
မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်နှင့် ချောင်းဆုံမြို့နယ် ကညှော် ကျေးရွာကြား သံလွင်မြစ်ပေါ်ရှိ ဗိုလ်ချုပ် အောင်ဆန်းတံတား (ဘီလူးကျွန်း) အား ပင်မတံတားအရှည် ပေ ၅၂၀၃ ဒသမ ၄၀ ရှိပြီး တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးသွားသည့်အတွက် တံတားခံနိုင်ဝန်သတ်မှတ်ချက်များလည်း စမ်းသပ်စစ်ဆေးပြီး ဖြစ်သော ကြောင့် မေ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အား ၂၀၁၅- ၂၀၁၆ ခုနှစ်ကစတင်၍ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ၊ ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေ၊ မွန်ပြည်နယ် ရန်ပုံငွေတို့ဖြင့် တံတားနှင့် ချဉ်းကပ်လမ်း များကို ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ဘဏ္ဍာငွေကျပ် သန်း ၆၀၀၅၇ ဒသမ ၄၀ အကုန်အကျခံ၍ ဆောက်လုပ် ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူ တာဝန်ယူတည်ဆောက်သည့် အဖွဲ့(၁)မှ ဘီလူးကျွန်း (ချောင်းဆုံ)ဘက်ခြမ်းတွင် လည်းကောင်း၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှာ မော်လမြိုင်ဘက်ခြမ်းတွင် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်တို့က တံတားရာနှုန်းပြည့် ပြီးစီးသည်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတံတားကို ဧပြီ ၂၇ ရက်က ယာယီဖြတ်သန်း သွားလာခွင့်ပြုထားပြီး မေ ၉ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်း တံတား (ဘီလူးကျွန်း)အား အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် တံတားပေါ် ယာယီဖြတ်သန်းခွင့်ကို မေ ၆ ရက် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ခွင့်ပြုကြောင်း ခရီးသွားလုပ်သားပြည်သူ များ သိစေရန်အတွက် တံတားထိပ်တွင် အသိပေးကြော်ငြာထားကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ- မုဒုံမောင်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment