ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကိုဝေဖန်ပြောဆိုရေးသားတာမျိုးတွေမလုပ်ကြဖို့ ပါကစ္စတန်အစိုးရက ပြည်သူတွေကိုသတိပေးခဲ့ပါတယ်။ အစိုးရနဲ့ စစ်ဘက်တပ်မှူးတွေနဲ့ အငြင်းပွားမှုတစ်ခုကို ရပ်တန့်ဖို့ အစိုးရက ကြိုးစားနေချိန်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းနဲ့ ဂုဏ်သရေကိုလျော့ပါးထိခိုက်အောင်လုပ်ဆောင်တဲ့ အပြုအမူတွေကို လက်မခံဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ ရုပ်သံလိုင်းတွေအနေနဲ့ အလားတူညွှန်ကြားချက်ကိုလက်ခံရရှိပြီး ၂ ရက်အကြာမှာ အခုလို ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သတင်းပေါက်ကြားမှုနဲ့ပတ်သက်တဲ့အငြင်းပွားမှုတစ်ခုအပေါ် ဝန်ကြီးချုပ်ရုံးရဲ့ စုံးစမ်းစစ်ဆေးတွေ့ရှိချက်ကို စစ်တပ်က လက်မခံပဲ ပယ်ချခဲ့တာကြောင့် စစ်တပ်ဟာ ဒီမိုကရေစီစနစ်ကို ယိုယွင်းပျက်စီးစေတယ်လို့ စွပ်စွဲ ခံနေရပါတယ်။ Dawn သတင်းစာက အစိုးရနဲ့စစ်တပ်အကြီးအကဲတွေကြားကသဘောထားတင်းမာမှုတွေအကြောင်းကို ဖော်ပြခဲ့ ပြီးနောက် အောက်တိုဘာလကတည်းက “Dawn leaks” လို့အမည်ပေးထားတဲ့ကိစ္စရပ်ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။ ပါကစ္စတန်ပြည်သူတော်တော်များများဟာ လတ်တလောရက်တွေအတွင်းမှာ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး စစ်တပ်ရဲ့ထိပ်တန်းအရာရှိတွေကို ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘက်ဂျဝါ ဟာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးက “ကျွန်တော်က စစ်တပ်နဲ့တစ်ဖက်တည်း ရပ်တည်ချင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက် ကျေးဇူးပြုပြီးပြောပြပါ။ စစ်တပ်က ဘယ်ဘက်မှာရပ်တည်နေတာလဲ” လို့ ရေးသား ထေားပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ပြောဆိုရေးသားချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီး ချောင်ဒရီ နီဆာအလီ ခမ်း က ပါကစ္စတန် ပြည်သူတွေဟာ အကြောင်းအရင်းမရှိဘဲ ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကိုဝေဖန်ပြောဆိုရေးသား နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါဟာ ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ပြီး ဘယ်သူမဆိုပြစ်မှုကျူးလွန်တယ်လို့တွေ့ရှိမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်၊လို့လည်း သူက သတိပေးခဲ့ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ခေါင်းစဉ်ကို အကာအကွယ် ယူပြီး စစ်တပ်နဲ့စစ်တပ်ကအရာရှိတွေကို ပြက်ရယ်ပြု သရော်လှောင်ပြောင်တာကို လက်သင့်ခံမှာမဟုတ်ဘူး၊လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ စစ်တပ်ဟာဆိုရှယ်မီဒီယာပေါ်မှာဝေဖန်ပြောဆိုမှုတွေကို ဆတ်ဆတ်ထိမခံတဲ့အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ် ခံနေရသလို ဇန်နဝါရီလကဖြစ်ခဲ့တဲ့ စစ်တပ်ကိုသဘောမတွေ့တဲ့အကြောင်း ပြောကြားခဲ့တဲ့ လစ်ဘရယ် ဘလော့ဂါ တွေကိုပြန်ပေးဆွဲမှုရဲ့နောက်ကွယ်ကကြိုးကိုင်တဲ့အဖွဲ့အစည်းလို့လည်း စွပ်စွဲခံနေရပါ တယ်။
မအေးသီမွန်(Kumudra)
No comments:
Post a Comment