Latest News

Tuesday, May 16, 2017

ရခိုင်ပြည်နယ်မှဘင်္ဂလီ လူမျိုး(၅)ဦးကို နေပြည်တော် တိုးဂိတ်တွင်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်မှဘင်္ဂလီ လူမျိုး(၅)ဦးကို နေပြည်တော် တိုးဂိတ်တွင်ဖမ်းဆီးရမိ

နေပြည်တော် မေ(၁၇)

ရခိုင်ပြည်နယ်မှ ဘင်္ဂလီလူမျိုး(၅)ဦးသည် မကွးတိုင်းဒေသကြီးမှတဆင့်ရန်ကုန်တိုင်းဒေသကြီးသို့သွားရောက်ရာအမြန်လမ်းမကြီးမိုင်တိုင်(၂၀၁)နေပြည်တော်တိုးဂိတ်၌မေလ(၁၆)ရက်နေ့နေ့လည်(၁၁)နာရီခန့်ကဖမ်းဆီးရမိခဲ့သည်။

၎င်းတို့စီးနင်းလာသည့်ယာဉ်အမှတ်EE3840Caldinaအဖြူရောင်မော်တော်ယာဉ်အားအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှမသင်္ကာသဖြင့်ရပ်တန့်စစ်ဆေးရာယာဉ်မောင်းငြိမ်းချမ်းနှင့်အတူစည်သူတို့က ဘင်္ဂလီတစ်ဦးလျှင်(၁၀)သိန်းကျပ်ရယူကာမကွေးတိုင်းငဖဲမြို့နယ်မှရန်ကုန်တိုင်းတာမွေမြို့နယ်သို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ယခုဖမ်းဆီးရမိသည့်ဘင်္ဂလီလူမျိုးများမှာရခိုင်ပြည်နယ်မင်းပြားနှင့်မြန်အောင်မြို့နယ်များမှဖြစ်သည်။ထိုကြောင့်ဘင်္ဂလီလူမျိုး(၅)ဦးကိုတရားမဝင်ပို့ဆောင်ခဲ့သော တရားခံများအားလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

အောင်ပြည့်စုံ/Popular

No comments:

Post a Comment