Latest News

Thursday, May 4, 2017

ဒီဇယ်ပီပါများတင်ဆောင်၍ မောင်းနှင်လာသောယာဉ် ဘက်ထရီဝါယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

ဒီဇယ်ပီပါများတင်ဆောင်၍ မောင်းနှင်လာသောယာဉ် ဘက်ထရီဝါယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၎

 ၂၀၁၇ ခုနှစ်၊ မေလ ၃ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်၊ ကျောက်ဖြာကျေးရွာအနီးတွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ကျပ်ပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ မိနစ် ၅၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။ စစ်ဆေးချက်အရ မိုးကုတ်မြို့နယ်၊ ကင်းကျေးရွာနေ ကိုမျိုး(ခ)မျိုးမျိုးကျော်(၄၀)နှစ်မောင်းနှင်ပြီး ဒီဇယ်ပီပါ (၁၂)လုံးတင်ဆောင်လာသော 6L/×××× ဒိုင်နာ အဖြူရောင်ယာဉ်သည် ဘက်ထရီဝါယာရှော့ခ် ဖြစ်ရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဖိုးငွေ(၁၉,၇၁၆,၀၀၀)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကိုမျိုး(ခ)မျိုးမျိုးကျော် အား ကျပ်ပြင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment